အာတီတာရဲ့ ဘယ်သန်လဒူတွေကြောင့် လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ငပေါ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ တိုမီယာစုနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ထရော့ဆတ်နဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လွန်းစ်တို့ကတော့ ဂိုးသမား ဆမ်ဘာ၊ ခံစစ်မှာ ဒန်ဆို၊ ဂရာဒစ်နဲ့ မက်ဒီနာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ အက်ဘ်ဒူလ် ဆာမက်၊ နမ်ပလီစ် မန်ဒီ၊ ဖရန်ကော့ဗ်စကီးနဲ့ မာချာဒိုတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆိုတိုကာ၊ သော်မတ်ဆန်နဲ့ ဝါဟီတို့ကို ကစားစေခဲ့တာက သွက်သွက်လက်လက်နဲ့ ပွဲကို စတင်နိုင်စေခဲ့တာပါ။

အာတီတာရဲ့ လူစာရင်းမှာ ထုံးစံအတိုင်း ကစားကွက်ပျက်မှာ ကြောက်လို့ ထည့်ထားတဲ့ ဇင်ချန်ကိုက အဆင်မပြေခဲ့သလို 3 Back ကစားတဲ့ လွန်းစ်တို့ရဲ့ ကွင်းလယ်ကြောမှာ ဟာဗတ်ဇ်က မြုပ်နေခဲ့ပြီး ညာခြမ်းက တိုမီယာစုကလည်း အဝင်အထွက် မရဲဘဲ ကြောင်ပျောက်နေခဲ့ချိန်မှာ ကပ္ပတိန်ကြီး အော်ဒီဂွါဒ်ကပါ ပုံမလာတော့တာဖြစ်ပါတယ်။

ကစားပုံက ကြည့်မကောင်းခဲ့ပေမယ့် ပွဲချိန် ၁၄ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ လွန်းစ်ခံစစ်က လူပေးမှားတာကနေ ဆာကာက ဖြတ်ယူသွားခဲ့ပြီး ဧရိယာထိပ်ကို ခင်းပေးရာမှာ ဂျေဆူးစ်က ဒန်ဆိုကို တစ်ချက်ဖိန့်ပြီး ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ သွေးပူပုံ မရသေးတဲ့ ဂိုးသမား ဆမ်ဘာ နှေးနေခဲ့လို့ ဂိုးပေးခဲ့ရတာပါ။

ဂိုးပေးလိုက်ရအပြီးမှာတော့ လွန်းစ်တို့ တင်ကစားလာခဲ့သလို အာဆင်နယ်တို့ရဲ့ အားနည်းတဲ့ Link တွေဖြစ်တဲ့ ဗဟိုခံစစ်နဲ့ တောင်ပံခံစစ်ကြားကို တိုးဝင်ဖို့ ကြိုးစားလာခဲ့ချိန်မှာ ထုံးစံအတိုင်း ဆင်းကူရမယ့် ထရော့ဆတ်နဲ့ ဆာကာတို့ကလည်း ကြံ့ခိုင်မှု ပြည့်ဝတဲ့ အနေအထားမှာ ရှိမနေတာကြောင့် အိမ်ရှင်တွေက ပွဲကို စီးလာခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ လွန်းစ်တို့ ချေပဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အာဆင်နယ်ဂိုးသမား ရာယာရဲ့ ပေးပို့မှုက တိုမီယာစုဆီ မရောက်ခင်မှာ ဖြတ်ယူသွားနိုင်ခဲ့တဲ့ မာချာဒိုက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဝါဟီက ကြုံသလို တားဆီးပြီး ဧရိယာထဲ ပြန်ချပေးတာကို ဘယ်တောင်ပံကနေ ပြေးဝင်လာတဲ့ သော်မတ်ဆန်က အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းသွားခဲ့လို့ ခပ်ညံ့ညံ့ကောင်တွေ ပညာပေးခံခဲ့ရတာပါ။

ပွဲချိန် ၃၄ မိနစ်မှာ ဒဏ်ရာရသွားတဲ့ ဆာကာအစား ဖာဘီယို ဗီယာရာကို ထည့်လိုက်ချိန်မှာတော့ သိုက်ဆရာ လှေပေါ်တင်တာထက် ဆိုးသွားတဲ့ အာဆင်နယ်တို့ ဘာမှ မလုပ်တတ်တော့သလို နေရာလွတ်တွေလည်း မဖန်တီးနိုင် တွဲလုံးတွဲဖို့တောင် ကျပ်နေခဲ့ပြီး နည်းပြ အာတီတာရဲ့ အိုင်ဒီယာ မရှိမှုမှာ အဆိပ်မဲ့ အစွယ်မဲ့အသင်းတစ်သင်းဖြစ်သွားခဲ့ပါတယ်။

ဆာကာ မရှိချိန်မှာ ဘယ်တောင်ပံမှာ ရုန်းအားရှိတဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်တဲ့ ဟာဗတ်ဇ်ကို ထားရမှာဖြစ်ပြီး ကွင်းလယ်ကိုလည်း ကူပေးဖို့ စမစ်ရိုး ဒါမှမဟုတ် ဂျော်ဂျင်ညိုလို ကစားသမားမျိုးနဲ့ ကျားကန်ရမယ့်အချိန်မှာ မွေးစားသား ဗီယာရာက အသင်းကို ပေးစွမ်းနိုင်တာကတော့ စိတ်ပျက်စရာ ကိစ္စတွေသာဖြစ်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂျေဆူးစ်ရဲ့ အားနည်းချက်တွေနဲ့အတူ တစ်ဂိုးစီသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ကစားပုံ မပြင်နိုင်ခဲ့သလို ထရော့ဆတ်နဲ့ ဂျေဆူးစ်က မချိတ်မိချိန်မှာ ဇင်ချန်ကိုက တက်မကူတာ၊ ဟာဗတ်ဇ်က ရှေ့ချည်းတက်နေတာ၊ ကွင်းလယ်ကို ထိန်းရမယ့် အော်ဒီဂွါဒ်က ကစားကွက်ထဲ မဝင်ဘဲ ဗီယာရာနဲ့ ထပ်နေတာတွေက နည်းစနစ်ပိုင်းအရ အလွဲတွေဖြစ်ခဲ့ပြီး ဒီနေ့မှာ ဘယ်သန်တွေဖြစ်တဲ့ ဇင်ချန်ကို၊ ဂါဘရီယယ်လ်၊ ဗီယာရာ၊ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့က အတော်လေး ဒုက္ခပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ဘာမှ မလုပ်တတ်တဲ့ အာဆင်နယ်တို့ကို လွန်းစ်က အနိုင်ဂိုးသွင်းသွားခဲ့ပြီး ခံစစ်မကူတဲ့ ထရော့ဆတ်နဲ့ တောင်ပံမှာ မနေဘဲ အတွင်းဝင်နေတဲ့ ဇင်ချန်ကိုတို့ကြောင့် လုပ်ချင်တိုင်းလုပ်လို့ရနေတဲ့ ပိုလန်သား ဖရန်ကော့ဗ်စကီးရဲ့ ညာတောင်ပံက ဖြတ်တင်မှုကို ဧရိယာထဲမှာ မာကင်လွတ်နေတဲ့ ဝါဟီက Volley ကန်သွင်းပြီး ရာယာကို ငုတ်တုတ်မေ့စေခဲ့တာပါ။

ဂိုးပေးလိုက်ရတော့မှ အာဆင်နယ်တို့ဘက်က နံပါတ် ၉ တင်ကစားသင့်တဲ့ ဟာဗတ်ဇ်နဲ့ ထိုးဖောက်ကန်သွင်းနိုင်ခြေရှိသေးတဲ့ ထရော့ဆတ်တို့ကို သွေးရူးသွေးတန်းနဲ့ ထုတ်ပစ်ခဲ့ပြီး နယ်လ်ဆန်နဲ့ စမစ်ရိုးတို့ကို ထည့်သွင်းခဲ့ပြီး ဇင်ချန်ကိုအစား ဘန်ဝှိုက်ကိုပါ ထည့်ခဲ့သလို အော်ဒီဂွါဒ်ကိုပါ ထပ်ထုတ်ပြီး နကီးတီးယားကို ဂိုးရဖို့ ထည့်သွင်းခဲ့တာပါ။

ဒါပေမယ့် အာဆင်နယ်တို့ရဲ့ တိုက်စစ်ကစားကွက်က သိပ်ကို ခန့်မှန်းရ လွယ်ကူလွန်းနေခဲ့တာကြောင့် လွန်းစ်ခံစစ်နဲ့ ဂိုးသမားတို့ အလွယ်တကူပဲ ပိတ်ဆို့သွားနိုင်ခဲ့ကြသလို ဘာရုပ်မှ မပေါက်တဲ့ ဗီယာရာ၊ ယုံကြည်မှု ဇီးရိုးနဲ့ နယ်လ်ဆန်တို့ရဲ့ တောင်ပံတွေ အိုးနင်းခွက်နင်းပဲဖြစ်နေခဲ့တာကြောင့် ရှုံးရဖို့ ထိုက်တန်ခဲ့ပြီး အာတီတာအနေနဲ့ ဂျင်းသုပ်အမျိုးမျိုးစားတာ မဝသေးဘူးလားလို့ မေးရမယ့်ပွဲပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လွန်းစ်တို့က အာဆင်နယ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရယူပြီး အုပ်စုဗိုလ်နေရာကို သိမ်းပိုက်လိုက်ချိန်မှ တစ်ဖက်က ဆီဗီလာနဲ့ ပီအက်စ်ဗီတို့က သရေကျခဲ့လို့ အာဆင်နယ်တို့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ခုလိုမျိုး ကစားပုံနဲ့ မန်စီးတီးကို ဘယ်လို ရင်ဆိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ တိုမီယာစုနဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဟာဗတ္ဇ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ ထေရာ့ဆတ္နဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လြန္းစ္တို႔ကေတာ့ ဂိုးသမား ဆမ္ဘာ၊ ခံစစ္မွာ ဒန္ဆို၊ ဂရာဒစ္နဲ႔ မက္ဒီနာတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ အက္ဘ္ဒူလ္ ဆာမက္၊ နမ္ပလီစ္ မန္ဒီ၊ ဖရန္ေကာ့ဗ္စကီးနဲ႔ မာခ်ာဒိုတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆိုတိုကာ၊ ေသာ္မတ္ဆန္နဲ႔ ဝါဟီတို႔ကို ကစားေစခဲ့တာက သြက္သြက္လက္လက္နဲ႔ ပြဲကို စတင္ႏိုင္ေစခဲ့တာပါ။

အာတီတာရဲ႕ လူစာရင္းမွာ ထုံးစံအတိုင္း ကစားကြက္ပ်က္မွာ ေၾကာက္လို႔ ထည့္ထားတဲ့ ဇင္ခ်န္ကိုက အဆင္မေျပခဲ့သလို 3 Back ကစားတဲ့ လြန္းစ္တို႔ရဲ႕ ကြင္းလယ္ေၾကာမွာ ဟာဗတ္ဇ္က ျမဳပ္ေနခဲ့ၿပီး ညာျခမ္းက တိုမီယာစုကလည္း အဝင္အထြက္ မရဲဘဲ ေၾကာင္ေပ်ာက္ေနခဲ့ခ်ိန္မွာ ကပၸတိန္ႀကီး ေအာ္ဒီဂြါဒ္ကပါ ပုံမလာေတာ့တာျဖစ္ပါတယ္။

ကစားပုံက ၾကည့္မေကာင္းခဲ့ေပမယ့္ ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လြန္းစ္ခံစစ္က လူေပးမွားတာကေန ဆာကာက ျဖတ္ယူသြားခဲ့ၿပီး ဧရိယာထိပ္ကို ခင္းေပးရာမွာ ေဂ်ဆူးစ္က ဒန္ဆိုကို တစ္ခ်က္ဖိန႔္ၿပီး ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ေသြးပူပုံ မရေသးတဲ့ ဂိုးသမား ဆမ္ဘာ ေႏွးေနခဲ့လို႔ ဂိုးေပးခဲ့ရတာပါ။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ လြန္းစ္တို႔ တင္ကစားလာခဲ့သလို အာဆင္နယ္တို႔ရဲ႕ အားနည္းတဲ့ Link ေတြျဖစ္တဲ့ ဗဟိုခံစစ္နဲ႔ ေတာင္ပံခံစစ္ၾကားကို တိုးဝင္ဖို႔ ႀကိဳးစားလာခဲ့ခ်ိန္မွာ ထုံးစံအတိုင္း ဆင္းကူရမယ့္ ထေရာ့ဆတ္နဲ႔ ဆာကာတို႔ကလည္း ႀကံ့ခိုင္မႈ ျပည့္ဝတဲ့ အေနအထားမွာ ရွိမေနတာေၾကာင့္ အိမ္ရွင္ေတြက ပြဲကို စီးလာခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ လြန္းစ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အာဆင္နယ္ဂိုးသမား ရာယာရဲ႕ ေပးပို႔မႈက တိုမီယာစုဆီ မေရာက္ခင္မွာ ျဖတ္ယူသြားႏိုင္ခဲ့တဲ့ မာခ်ာဒိုက ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ဝါဟီက ႀကဳံသလို တားဆီးၿပီး ဧရိယာထဲ ျပန္ခ်ေပးတာကို ဘယ္ေတာင္ပံကေန ေျပးဝင္လာတဲ့ ေသာ္မတ္ဆန္က အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းသြားခဲ့လို႔ ခပ္ညံ့ညံ့ေကာင္ေတြ ပညာေပးခံခဲ့ရတာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာ ဒဏ္ရာရသြားတဲ့ ဆာကာအစား ဖာဘီယို ဗီယာရာကို ထည့္လိုက္ခ်ိန္မွာေတာ့ သိုက္ဆရာ ေလွေပၚတင္တာထက္ ဆိုးသြားတဲ့ အာဆင္နယ္တို႔ ဘာမွ မလုပ္တတ္ေတာ့သလို ေနရာလြတ္ေတြလည္း မဖန္တီးႏိုင္ တြဲလုံးတြဲဖို႔ေတာင္ က်ပ္ေနခဲ့ၿပီး နည္းျပ အာတီတာရဲ႕ အိုင္ဒီယာ မရွိမႈမွာ အဆိပ္မဲ့ အစြယ္မဲ့အသင္းတစ္သင္းျဖစ္သြားခဲ့ပါတယ္။

ဆာကာ မရွိခ်ိန္မွာ ဘယ္ေတာင္ပံမွာ ႐ုန္းအားရွိတဲ့ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္တဲ့ ဟာဗတ္ဇ္ကို ထားရမွာျဖစ္ၿပီး ကြင္းလယ္ကိုလည္း ကူေပးဖို႔ စမစ္႐ိုး ဒါမွမဟုတ္ ေဂ်ာ္ဂ်င္ညိဳလို ကစားသမားမ်ိဳးနဲ႔ က်ားကန္ရမယ့္အခ်ိန္မွာ ေမြးစားသား ဗီယာရာက အသင္းကို ေပးစြမ္းႏိုင္တာကေတာ့ စိတ္ပ်က္စရာ ကိစၥေတြသာျဖစ္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ ေဂ်ဆူးစ္ရဲ႕ အားနည္းခ်က္ေတြနဲ႔အတူ တစ္ဂိုးစီသေရက်ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ ကစားပုံ မျပင္ႏိုင္ခဲ့သလို ထေရာ့ဆတ္နဲ႔ ေဂ်ဆူးစ္က မခ်ိတ္မိခ်ိန္မွာ ဇင္ခ်န္ကိုက တက္မကူတာ၊ ဟာဗတ္ဇ္က ေရွ႕ခ်ည္းတက္ေနတာ၊ ကြင္းလယ္ကို ထိန္းရမယ့္ ေအာ္ဒီဂြါဒ္က ကစားကြက္ထဲ မဝင္ဘဲ ဗီယာရာနဲ႔ ထပ္ေနတာေတြက နည္းစနစ္ပိုင္းအရ အလြဲေတြျဖစ္ခဲ့ၿပီး ဒီေန႔မွာ ဘယ္သန္ေတြျဖစ္တဲ့ ဇင္ခ်န္ကို၊ ဂါဘရီယယ္လ္၊ ဗီယာရာ၊ ဟာဗတ္ဇ္နဲ႔ ေအာ္ဒီဂြါဒ္တို႔က အေတာ္ေလး ဒုကၡေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဘာမွ မလုပ္တတ္တဲ့ အာဆင္နယ္တို႔ကို လြန္းစ္က အႏိုင္ဂိုးသြင္းသြားခဲ့ၿပီး ခံစစ္မကူတဲ့ ထေရာ့ဆတ္နဲ႔ ေတာင္ပံမွာ မေနဘဲ အတြင္းဝင္ေနတဲ့ ဇင္ခ်န္ကိုတို႔ေၾကာင့္ လုပ္ခ်င္တိုင္းလုပ္လို႔ရေနတဲ့ ပိုလန္သား ဖရန္ေကာ့ဗ္စကီးရဲ႕ ညာေတာင္ပံက ျဖတ္တင္မႈကို ဧရိယာထဲမွာ မာကင္လြတ္ေနတဲ့ ဝါဟီက Volley ကန္သြင္းၿပီး ရာယာကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။

ဂိုးေပးလိုက္ရေတာ့မွ အာဆင္နယ္တို႔ဘက္က နံပါတ္ ၉ တင္ကစားသင့္တဲ့ ဟာဗတ္ဇ္နဲ႔ ထိုးေဖာက္ကန္သြင္းႏိုင္ေျခရွိေသးတဲ့ ထေရာ့ဆတ္တို႔ကို ေသြး႐ူးေသြးတန္းနဲ႔ ထုတ္ပစ္ခဲ့ၿပီး နယ္လ္ဆန္နဲ႔ စမစ္႐ိုးတို႔ကို ထည့္သြင္းခဲ့ၿပီး ဇင္ခ်န္ကိုအစား ဘန္ဝႈိက္ကိုပါ ထည့္ခဲ့သလို ေအာ္ဒီဂြါဒ္ကိုပါ ထပ္ထုတ္ၿပီး နကီးတီးယားကို ဂိုးရဖို႔ ထည့္သြင္းခဲ့တာပါ။

ဒါေပမယ့္ အာဆင္နယ္တို႔ရဲ႕ တိုက္စစ္ကစားကြက္က သိပ္ကို ခန႔္မွန္းရ လြယ္ကူလြန္းေနခဲ့တာေၾကာင့္ လြန္းစ္ခံစစ္နဲ႔ ဂိုးသမားတို႔ အလြယ္တကူပဲ ပိတ္ဆို႔သြားႏိုင္ခဲ့ၾကသလို ဘာ႐ုပ္မွ မေပါက္တဲ့ ဗီယာရာ၊ ယုံၾကည္မႈ ဇီး႐ိုးနဲ႔ နယ္လ္ဆန္တို႔ရဲ႕ ေတာင္ပံေတြ အိုးနင္းခြက္နင္းပဲျဖစ္ေနခဲ့တာေၾကာင့္ ရႈံးရဖို႔ ထိုက္တန္ခဲ့ၿပီး အာတီတာအေနနဲ႔ ဂ်င္းသုပ္အမ်ိဳးမ်ိဳးစားတာ မဝေသးဘူးလားလို႔ ေမးရမယ့္ပြဲပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လြန္းစ္တို႔က အာဆင္နယ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရယူၿပီး အုပ္စုဗိုလ္ေနရာကို သိမ္းပိုက္လိုက္ခ်ိန္မွ တစ္ဖက္က ဆီဗီလာနဲ႔ ပီအက္စ္ဗီတို႔က သေရက်ခဲ့လို႔ အာဆင္နယ္တို႔ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ေပမယ့္ ခုလိုမ်ိဳး ကစားပုံနဲ႔ မန္စီးတီးကို ဘယ္လို ရင္ဆိုင္မလဲဆိုတာကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post အာတီတာရဲ့ ဘယ်သန်လဒူတွေကြောင့် လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ငပေါ အာဆင်နယ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post