ကောက်စားအလုံးတောင် မဝင်တဲ့ နူးညက်ဇ်ကို ဒရော့ဂ်ဘာနဲ့ နှိုင်းယှဉ်လိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင်က ဒါဝင် နူးညက်ဇ်ဟာ ယူနီယံစိန့်ဂီးလွိုက်စ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အလွယ်တကူ တစ်ချက်ထိပိတ်သွင်းယူရတဲ့အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူးဟာ အရည်အချင်းတွေ အများကြီး လိုသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ရိုင်ယန် ဂရာဗင်ဘာ့ချ်ရဲ့ အသင်းအတွက် ပထမဆုံးသွင်းဂိုးနဲ့ ဂျိုတာရဲ့ နောက်ကျ သွင်းဂိုးတို့ကြောင့် ဘယ်လ်ဂျီယမ်ကလပ်ကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မာဆေးဆိုဒ်ကလပ်က ပွဲကစားချိန်အများစုကို အသာစီးရယူထားနိုင်ခဲ့ပေမယ့်လည်း ဒါဝင် နူးညက်ဇ်က ဂိုးပေါက်အလွတ်ကြီးထဲ ပိတ်သွင်းယူနိုင်အောင် ဆာလား ခင်းပေးလိုက်တဲ့ ဘောလုံးကို အဆုံးသတ်ရာမှာ အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ပွဲပြီးသုံးသပ်ချက်မှာ နူးညက်ဇ်ရဲ့ အချို့နေရာတွေမှာ အရည်အသွေးကင်းမဲ့နေမှုက ၎င်းကို အံ့အားသင့်စေခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတစ်ယောက်ဆီကနေ ဒီထက် အများကြီး မျှော်မှန်းထားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“အဲဒါက ယုံကြည်ချက် ကင်းမဲ့တာရော ဒါမှမဟုတ် အရည်အချင်း ကင်းမဲ့တာရောမဟုတ်ရင် အာရုံမစိုက်ထားလို့ပါ။ ဒါပေမယ့် သီအိုရီအရ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ လူအများစုကတော့ ဒါမျိုးအလုံးတွေကို အဆုံးသတ်နိုင်သင့်ပါတယ်။ သူ လုပ်ခဲ့တာက ကျွန်တော့်ကို တကယ် အံ့အားမသင့်စေခဲ့ပါဘူး။ ကျွန်တော်ဆိုလိုတာက သူက အရမ်းကောင်းတဲ့အရာအချို့ကို လုပ်ခဲ့တယ်။ ပြီးတော့ အရမ်းစိတ်ပျက်စရာကောင်းတဲ့အရာတွေကိုလည်း လုပ်ခဲ့တယ်။ သူက အရည်အချင်းတွေ အများကြီး လိုပါသေးတယ်။ သူက ထိပ်တန်းကစားသမားဖြစ်လာမယ့် အကြမ်းထည်အဆင့်ပဲ ရှိသေးတယ်လို့ ထင်တယ်။ သူ့ကို အများကြီး လေ့ကျင့်ပေးဖို့နဲ့ အတွေ့အကြုံတွေ နည်းနည်းပိုရဖို့လိုအပ်ပါသေးတယ်။”

နူးညက်ဇ်ဟာ ဘင်ဖီကာကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက လီဗာပူးလ်အတွက် ၅၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အကောင်းအဆိုး ရောထွေးနေတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား သူတို့ သုံးစွဲခဲ့တဲ့ ငွေပမာဏလောက် သုံးစွဲတဲ့အခါကျရင် ဘက်စုံကောင်းတဲ့ ကစားသမားမျိုး ပိုပြီးတော့ ရချင်လိမ့်မယ်လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ သူ့မှာ လိုအပ်ချက်တွေ ဘယ်လောက်တောင် များနေလဲဆိုတာကို မြင်တွေ့ရလို့ ကျွန်တော် အံ့အားသင့်ခဲ့ရပါတယ်။ ကျွန်တော် အမြဲတမ်း သူ့ကို လျှော့မတွက်ချင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ မယုံနိုင်စရာအရည်အချင်းအချို့ ရှိနေတယ်လို့ ထင်လို့ပါ”

 

ဒီဒီယာ ဒရော့ဂ်ဘာတုန်းကလည်း ပထမဆုံး ဒီရောက်လာတော့ ပထမဆုံးတစ်နှစ်၊ ၂ နှစ်လောက် လူတွေက သူ့ကို ရယ်မောခဲ့ကြတယ်။ သူ့ရဲ့ ဘောလုံးထိတွေ့မှုတွေက ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်ခဲ့ပြီးတော့ ရုတ်တရက်ပဲ အားလုံးကို သူ ပြောင်းလဲခဲ့တယ်။ ဒီကောင်လေးကလည်း အဲဒီလို ကစားသမားမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ တိုးတက်မှုတွေ ရှိလာရင် သူက မယုံနိုင်စရာကစားသမားဖြစ်လာနိုင်ပေမယ့် ဒီလို လွယ်ကူတဲ့အပိုင်းတွေကိုတော့ အသုံးကျခဲ့ရမှာ သိသာပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

The post ကောက်စားအလုံးတောင် မဝင်တဲ့ နူးညက်ဇ်ကို ဒရော့ဂ်ဘာနဲ့ နှိုင်းယှဉ်လိုက်တဲ့ အိုဝင် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post