အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ တိုမီယာစု၊ ဂါဘရီယယ်လ်နဲ့ ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်နဲ့ စမစ်ရိုးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာဂိုး ဂျူနီယာ၊ နကီးတီးယားနဲ့ နယ်လ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဘရန့်ဖို့ဒ်အသင်းကတော့ ဂိုးသမား ဖလက်ကင်၊ ခံစစ်မှာ ဇန်ကာ၊ ပင်းနော့ခ်၊ ကောလင်းစ်၊ ရိုအာဆလက်ဗ်နဲ့ ဟစ်ကီတို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ယန်နဲ့လ်၊ အွန်ယီကာနဲ့ နော်ဂါ့ဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝစ်ဆာနဲ့ အမ်ဘူးမိုတို့ကို တွဲဖက်ပေးခဲ့တာပါ။
အငှားချထားခဲ့တဲ့ ကစားသမား ရာယာနဲ့ ဒဏ်ရာရ ကစားသမား လေးငါးဦး လျော့နည်းနေခဲ့တဲ့ အာဆင်နယ်တို့ အားနည်းခဲ့တယ်လို့ ဆိုနိုင်ပြီး ထုံးစံအတိုင်းပဲ ဖန်တီးမှုတွေက အားနည်းခဲ့သလို တိုက်စစ်မှာ ကစားလိုက်တာမှ ကောင်းဦးမယ့် ဟာဗတ်ဇ်က ကွင်းလယ်မှာ ပေါတောတောလုပ်နေတာက Hardcore Fan တွေကို အသည်းပေါက်စေခဲ့ပါတယ်။
ပွဲချိန် ၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရန့်ဖို့ဒ်ခံစစ်က နောက်ပြန်ပေးတဲ့ ဘောလုံးကို ဧရိယာထဲမှာ ဖြတ်ယူနိုင်ခဲ့တဲ့ နကီးတီးယားက ဘယ်ဘက်ကို ပြန်ခင်းပေးရာမှာ နယ်လ်ဆန်က ဂိုးသမား ဖလက်ကင်နဲ့ တစ်ဦးချင်းအတွေ့မှာ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာပါ။
ပထမပိုင်းမှာ အိမ်ရှင်တွေ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အာဆင်နယ်ဘက်က စမစ်ရိုးရဲ့ အနီးကပ် ကန်ချက်ကိုလည်း ဖလက်ကင် ကာကွယ်သွားခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့က ပိုမိုတိုက်စစ်ဆင်နိုင်ခဲ့တာကြောင့် ပျားတုပ်မယ်လို့ ထင်ခဲ့ရပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ ညံ့ဖျင်းနေခဲ့တာဖြစ်ပါတယ်။
ဝစ်ဆာရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို ခံစစ်ဇုန်က ပေါက်ကုန်းလဒနှစ်ကောင်ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ဂျော်ဂျင်ညိုတို့ရဲ့ လူပေးပုံအလွဲကနေ ဘရန့်ဖို့ဒ်ကို ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့လို့ အာဆင်နယ်တို့ သက်သာခဲ့ရပြီး တိုမီယာစုနဲ့ ရမ်းစ်ဒေးလ်တို့သာ မကောင်းရင် သုံးလေးဂိုးဖြစ်သွားနိုင်တဲ့ ပွဲမှာ ကိုယ့်အနေအထား ကိုယ်သိခွင့်ရခဲ့တာကတော့ အာတီတာအတွက် ဝမ်းသာစရာပဲဖြစ်ခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ ဘရန့်ဖို့ဒ်ကို ကွန်မြူနတီကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ကာရာဘောင်းဖလား တတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြပြီးတဲ့နောက် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် အနည်းငယ် စမ်းသပ်နိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ကာရာဘောင်းမှာ တစ်လုံးနဲ့ပဲ ပြုံးနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို ဖြတ်ကျော်ခဲ့တဲ့ အာဆင်နယ် first appeared on Sports A2Z.
Your new digest 50
Post a Comment