ညဘက် Live လွှင့်ပြီး ပင်ပန်းနေတဲ့ ဇနီးသည်ကို ဝိတ်မတက်စေမယ့် အစားအစာတွေ စနစ်တကျနဲ့ ကိုယ်တိုင် ချက်ကျွေးခဲ့တဲ့ သားဂန်း




Source – Thar Gan
Crd

unicode

ပရိသတ်ကြီးရေ အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်တို့ စုံတွဲကတော့ သမီးရည်းစားဘဝကတည်းက ပရိသတ်တွေ အားကျခဲ့ရတဲ့စုံတွဲလေး တစ်တွဲ ပဲဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာလည်း အခုသမီးလေး ဘီလီယံ တစ်နှစ်ပြည့်တဲ့ အထိ ချစ်ခြင်းမေတ္တာတွေ လတ်ဆက်နေဆဲဖြစ်တာမို့ ပရိသတ်တွေက အားကျပြီးရင်းကို အားကျနေခဲ့ရပါသေးတယ်။

အထူးသဖြင့် ကိုသားဂန်းရဲ့ ဇနီးသည်ဖြစ်သူ ဘေဘီမောင်အပေါ်မှာ ခင်ပွန်းကောင်းပီသမှု သမီးလေး ဘီလီယံအပေါ်မှာ ဖခင်ကောင်းပီသမှုတွေကြောင့် ပရိသတ်တွေက သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ မိသားစုဘဝလေးကိုကြည့်ပြီးကြည်နူးပျော်ရွှင်မဆုံးဖြစ်နေခဲ့ကြတာပါ။ ဒီနေ့မှာလည်း ကိုသားဂန်းကတော့ ပရိသတ်တွေ အားကျပြီးရင်းအားကျအောင် ဘေဘီကို ဂရုတ စိုက်ရှိလှတဲ့ ဗီဒီယိုလေးတစ်ပုဒ်ကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ဗီဒီယိုလေးကတော့ ဘေဘီက ညဘက် Live လွှင့်ပြီး ပင်ပန်းနေတာကို ကိုသားဂန်းက အလိုက်တသိနဲ့ ဇနီးသည် ဗိုက်ဆာရင်စားဖို့ဆိုပြီး သူကိုယ်တိုင် အစားအသောက်ေ တွပြင် ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဇနီးချောလေး ဘေဘီဝိတ်မတက်အောင် သေချာစီစစ်ပြီး ဘာတွေချက်ကျွေးခဲ့လဲဆိုတော့ ဗီဒီယိုလေးကိုကြည့်ပြီးတော့ပဲ အား ကျလိုက်ကြတော့နော်။

Source – Thar Gan
Crd

The post ညဘက် Live လွှင့်ပြီး ပင်ပန်းနေတဲ့ ဇနီးသည်ကို ဝိတ်မတက်စေမယ့် အစားအစာတွေ စနစ်တကျနဲ့ ကိုယ်တိုင် ချက်ကျွေးခဲ့တဲ့ သားဂန်း appeared first on Shwe Sar.


Your new digest 50

Post a Comment

Previous Post Next Post