ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ အမျိုးသားနဲ့အတူ PK Tun ဆိုတဲ့ စိန်ရွှေရတနာဆိုင်ကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ် ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က ၅၇သိန်းကျော်ဖိုး စိန်ထည်ရွှေထည်ပစ္စည်းတွေ အလိမ်ခံလိုက်ရကြောင်းကို ပြောပြလာတာပဲဖြစ်ပါတ.်
ပိုးကြာဖြူခင်ကတော့ ဆိုင်မှ စိန်လော့ကတ် ၃၅ သိန်းတန် ရွှေဆွဲကြိုး ၂၂ သိန်း ၃ ထောင် စုစုပေါင်း ၅၇သိန်း ၃ ထောင် ဖိုး ကို Viber ကနေ တဆင့် မှာယူပြီး အိမ်လာပို့ပေးဆိုလို့ ဒီနေ့ ညနေ သွားပို့ပေးတာကို ယောက်ကျားမသိအောင် ဝယ်ရတာမို့ ပိုက်ဆံ ခနစောင့်နော် အိမ်ထဲသွားယူပေးမယ်ဆိုပြီး ပစည်းယူသွားပြီး ပြန်ပေါ်မလာ Viber နံပါတ်ပါ ဖျက်ပြေးသွားသော ဆံပင်အနီ မြန်မာဝမ်းဆက် အမကြီး ဆိုင်သို့ ပိုက်ဆံ သို့မဟုတ် ပစ္စည်း ပြန်လာပေးပါ အမ ပစ္စည်းယူတုန်းက ပုံရော ဗီဒီယိုရော ရိုက်ထားပါတယ်
ဆိုင်ဖုန်းကို အချိန်မှီဆက်သွယ်ပြီး အကြောင်းပြန်ပေးပါ မဟုတ်ရင် သက်သေ တွေ အကုန် ချပြပါမယ် ရတနာ PK Htun ရဲ့ ချစ်ပရိတ်သာတ်ကြီးလဲ ပြန်ရဖို့အတွက်။ ဆုတောင်းပေးပါဦးရှင့်
Post a Comment