ႏိုင္ငံျခားသူေလးတစ္ေယာက္လို စြဲေဆာင္မႈအျပည့္နဲ႔ အရမ္းလွတဲ့ မင္းသမီးေလး ပတ္ထရစ္ရွာက ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ေမာ္ဒယ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး ယေန႔ထက္တိုင္ ေအာင္ျမင္မႈ ရရွိေနတာ ျဖစ္ပါတယ္။သူမရဲ႕ ဘိုဆန္တဲ့ ဝတ္စားဆင္ယင္မႈနဲ႔ အျပင္အဆင္ေတြေၾကာင့္ လူငယ္ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈခံေနရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ပရိသတ္ေတြက အရမ္းလွတယ္လို႔ သက္မွတ္ခံထားရတဲ့ ပတ္ထရစ္ရွာဟာ သူမကိုယ္သူမေတာ့ ႐ုပ္ရည္နဲ႔ပတ္သက္ၿပီး အၿမဲသိမ္ငယ္ရတဲ့အေၾကာင္းကို အခုလိုပဲ ရင္ဖြင့္လာပါ တယ္။
“တစ္ခါမွေတာ့ဖြင့္မေျပာခဲ့ဖူးဘူး။ ရွာရွာဆို မ်က္ႏွာ symmetry မညီလို႔ ကိုယ့္႐ုပ္ရည္နဲ႔ပတ္သက္ၿပီး အၿမဲသိမ္ငယ္ရတယ္။ လူေတြကိုမ်က္ႏွာခ်င္းဆိုင္မၾကည့္ရဲတာမ်ိဳး ဘယ္သူ႔ကိုမွမၾကည့္ပဲ မ်က္လႊာခ်ထားတာမ်ိဳး မ်က္ႏွာလႊဲလိုက္တာမ်ိဳးေတြေၾကာင့္လူအမ်ားရဲ႕ မာနႀကီးတယ္လို႔ထင္မွတ္ျခင္းကို ေတာက္ေလွ်ာက္ခံလာရတာ။ဒီကိစၥက ရွာရွာ့အတြက္ sensitive အျဖစ္ဆုံးဆိုတာကို သိေနၾကေလေတာ့ ရွာရွာ့ကိုခ်ိဳးခ်င္ဖဲ့ခ်င္ မုန္းတီးအျမင္ကပ္ေနတဲ့လူေတြက ဒီ weakness ကို လက္ကိုင္ထားၿပီး ရွာရွာ့ကိုစိတ္အေႏွာက္အယွက္အမ်ိဳးစုံေပးၾကတာေတြပါကိုယ္တိုင္ခံစားခဲ့ရ တာ။
ေလာကမွာအလုံးစုံျပည့္စုံတဲ့လူဆိုတာမရွိပါဘူး။ သူမ်ားကို bully လုပ္တဲ့လူေတြကိုယ္တိုင္မွာလည္း သိမ္ငယ္ရတဲ့ flaws ေတြကိုယ္စီရွိေနၾကပါလွ်က္နဲ႔ ဘာလို႔မ်ားသူတစ္ပါးကို ဒီလိုလုပ္ရပ္ေတြကိုလုပ္ၾကတာလဲမသိဘူး” ဆိုၿပီး ရင္ဖြင့္လာတာပဲျဖစ္ပါတယ္။ပတ္ထရစ္ရွာကေတာ့ မ်က္ႏွမညီတာေၾကာင့္ လူေတြကိုမ်က္ႏွာခ်င္းဆိုင္မၾကည့္ရတာမ်ိဳး ဘယ္သူ႔ကိုမွမၾကည့္ရဲတာမ်ိဳးေတြထိပါျဖစ္ဖူးၿပီး ကိုယ့္႐ုပ္ရည္ကိုကိုယ္ အၿမဲသိမ္ငယ္ရဖူးတယ္ လို႔ ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။
Source: Sue Sha Naing ‘s fb
unicode
နိုင်ငံခြားသူလေးတစ်ယောက်လို စွဲဆောင်မှုအပြည့်နဲ့ အရမ်းလှတဲ့ မင်းသမီးလေး ပတ်ထရစ်ရှာက ဆယ်ကျော်သက်အရွယ်ကတည်းက မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ယနေ့ထက်တိုင် အောင်မြင်မှု ရရှိနေတာ ဖြစ်ပါတယ်။သူမရဲ့ ဘိုဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြင်အဆင်တွေကြောင့် လူငယ်ပရိသတ်တွေရဲ့ အာရုံစိုက်မှုခံနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေက အရမ်းလှတယ်လို့ သက်မှတ်ခံထားရတဲ့ ပတ်ထရစ်ရှာဟာ သူမကိုယ်သူမတော့ ရုပ်ရည်နဲ့ပတ်သက်ပြီး အမြဲသိမ်ငယ်ရတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါ တယ်။
“တစ်ခါမှတော့ဖွင့်မပြောခဲ့ဖူးဘူး။ ရှာရှာဆို မျက်နှာ symmetry မညီလို့ ကိုယ့်ရုပ်ရည်နဲ့ပတ်သက်ပြီး အမြဲသိမ်ငယ်ရတယ်။ လူတွေကိုမျက်နှာချင်းဆိုင်မကြည့်ရဲတာမျိုး ဘယ်သူ့ကိုမှမကြည့်ပဲ မျက်လွှာချထားတာမျိုး မျက်နှာလွှဲလိုက်တာမျိုးတွေကြောင့်လူအများရဲ့ မာနကြီးတယ်လို့ထင်မှတ်ခြင်းကို တောက်လျှောက်ခံလာရတာ။ဒီကိစ္စက ရှာရှာ့အတွက် sensitive အဖြစ်ဆုံးဆိုတာကို သိနေကြလေတော့ ရှာရှာ့ကိုချိုးချင်ဖဲ့ချင် မုန်းတီးအမြင်ကပ်နေတဲ့လူတွေက ဒီ weakness ကို လက်ကိုင်ထားပြီး ရှာရှာ့ကိုစိတ်အနှောက်အယှက်အမျိုးစုံပေးကြတာတွေပါကိုယ်တိုင်ခံစားခဲ့ရ တာ။
လောကမှာအလုံးစုံပြည့်စုံတဲ့လူဆိုတာမရှိပါဘူး။ သူများကို bully လုပ်တဲ့လူတွေကိုယ်တိုင်မှာလည်း သိမ်ငယ်ရတဲ့ flaws တွေကိုယ်စီရှိနေကြပါလျှက်နဲ့ ဘာလို့များသူတစ်ပါးကို ဒီလိုလုပ်ရပ်တွေကိုလုပ်ကြတာလဲမသိဘူး” ဆိုပြီး ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ပတ်ထရစ်ရှာကတော့ မျက်နှမညီတာကြောင့် လူတွေကိုမျက်နှာချင်းဆိုင်မကြည့်ရတာမျိုး ဘယ်သူ့ကိုမှမကြည့်ရဲတာမျိုးတွေထိပါဖြစ်ဖူးပြီး ကိုယ့်ရုပ်ရည်ကိုကိုယ် အမြဲသိမ်ငယ်ရဖူးတယ် လို့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။
Source: Sue Sha Naing ‘s fb
The post သူမရဲ႕႐ုပ္ရည္နဲ႔ပါတ္သက္ၿပီး ေဝဖန္ခံရမႈေတြေၾကာင္း ပရိတ္သတ္ကို ရင္ဖြင့္လာတဲ့ ပက္ထရစ္ရွာ appeared first on Shwe Sar.
Your new digest 50
Post a Comment