ယောင်းမတွေနဲ့သူမရဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်လာတဲ့ သဇင်ထူးမြင့်
ပရိသတ်ကြီးရေ သဲလို့ယောက်ျားလေးပရိသတ်တွေကြားမှာရေပန်းစားနေတဲ့သဇင်ထူးမြင့်ဟာဆိုရင် နိုင်ငံကျော်ဇာတ်ပို့သရုပ်ဆောင်ဟာသမင်းသားကြီး ဦးခင်လှိုင်ရဲ့အငယ်ဆုံးသမီးချောလေးဖြစ်ပါတယ်နော်။သူမဟာဖခင်ဖြစ်သူရဲ့အမွေကိုဆက်ခံကာအနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။
သဇင်ထူးမြင့်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုရိုက်ကူးနေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ် သူမဟာအစ်ကိုတွေကို အရမ်းချစ်ပြီးယောင်းမတွေအပေါ်မှာလည်းလေးစားချစ်ခင်လျက်ရှိပါတယ်။ဒီကနေ့မှာတော့ သဇင်ထူးမြင့်ကသူမရဲ့ယောင်းမတွေနဲ့ ဆက်ဆံရေး အကြောင်းကိုအခုလိုပြောလာပါတယ်။
အစ်ကိုက သူ့အိမ်ထောင်နဲ့သူဖြစ်သွားပြီ ပိုပြီးလည်း ရင့်ကျက်လာကြ တယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အားကျတာတွေကတော့ သိပ်လည်း မရှိပါဘူး။ ယောင်းမတွေထဲမှာတော့ ယောင်းမ အကြီးနဲ့ ဆိုရင်ပိုပြီး ရင်းနှီး တယ်၊ တစ်ခုခုဆို အမြဲတိုင်ပင်ဖြစ်တယ်။ ယောင်းမ ကလည်း အစ်ကိုနဲ့ တွဲနေတာ ဆယ်နှစ်ကျော်လောက်ရှိပြီဆိုမှ မင်္ဂလာ ဆောင်ခဲ့ကြတာပါ။ သူတို့ကအများ အမြင်မှာတော့ ချစ်ပေမဲ့နှစ်ယောက်ကြားမှာတော့ ပြသနာလေးတွေလည်း ရှိနိုင်တယ်လေ။သဲကတော့ အခုတစ်လောအလုပ်ကြောင့်တစ်ယောက်တည်းနေဖြစ်တာများတယ်လို့ပြောလာတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်သဇင်ထူးမြင့်တို့သမီးယောင်းမတွေကြားကဆက်ဆံရေးလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Credit;World Info
Credit;World Info
The post ယောင်းမတွေနဲ့သူမရဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်လာတဲ့ သဇင်ထူးမြင့် appeared first on Worldinfo Daily Updates.
Your new digest 50
Post a Comment