သမီးငယ်လေးကီရာရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပြသရင်း သမီးတွေအတွက်သူမရဲ့တစ်နေ့တာလုပ်ဆောင်မှုတွေကို တစ်ခုချင်းပြောလိုက်တဲ့ ချမ်းချမ်း

သမီးငယ်လေးကီရာရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပြသရင်း သမီးတွေအတွက်သူမရဲ့တစ်နေ့တာလုပ်ဆောင်မှုတွေကို တစ်ခုချင်းပြောလိုက်တဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ… အဆိုတော် ချမ်း ချမ်းကတော့ သမီးကြီးမြမိုးဂင်္ဂါ၊ သမီးလတ် ပီလာနဲ့ အခုဆိုရင် တတိယမြောက် သမီးလေး ကီရာ ဆိုပြီး သမီးသုံးယောက်ကို ရရှိပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ချမ်းချမ်းဟာ သူမရဲ့ သမီးအငယ်ဆုံးလေး ကီရာကို ပြီးခဲ့ တဲ့ ဇူလိုင်လ (၁၅) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ချမ်းချမ်းရဲ့ သမီးလေး ကီရာဟာ ဒီကနေ့ဆို ဆယ်ရက် အရွယ်သာရှိသေးတယ်ဆိုပေမယ့် အရမ်းကိုချစ်စရာ ကောင်းပြီး အရမ်းလည်းလှတာကို တွေ့ရပါတယ်။ ချမ်း ချမ်းက သမီးအငယ်ဆုံးလေး ကီရာလေးရဲ့ ပုံရိပ်လေးကို မျှဝေကာ “တစ်ပတ်ပြည့်သွားပြီဖြစ်တဲ့ အမေ့ကီရာ လေး စားလိုက်အိပ်လိုက်နဲ့ သူ့ဘဝလေးဟာ သာယာနေ သောအခါ.. မေမေကတော့ မအိပ်ရ မထိုင်ရနဲ့ ဟင်း ချက် ကလေးထိန်းရင်း အိမ်က Baby Boss တွေကို ပြုစု ရလေသတည်း” ဆိုပြီး ပြောလာပါတယ်။

ချမ်းချမ်းရဲ့ သမီးကြီးမြမိုးဂင်္ဂါဟာလည်း ချမ်းချမ်းနဲ့တူ ပြီး အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ ချောသလို ပီလာ လေးကလည်း သွေးနှောမလေးပီပီ ဖေဖေနဲ့တူပြီး ချစ်စရာကောင်းကာ အခုအငယ်ဆုံးလေး ကီရာက လည်း မျက်လုံးလှလှ နှာတံပေါ်ပေါ်နဲ့ အရမ်းကို ချစ်စရာကောင်းတာပါပဲနော်။

Credit;





Credit;

The post သမီးငယ်လေးကီရာရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပြသရင်း သမီးတွေအတွက်သူမရဲ့တစ်နေ့တာလုပ်ဆောင်မှုတွေကို တစ်ခုချင်းပြောလိုက်တဲ့ ချမ်းချမ်း appeared first on World info Post.


Your new digest 50

Post a Comment

Previous Post Next Post