Credit;
unicode
ပရိသတ်ကြီးရေ… မော်ဒယ်လ်တစ် ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်တိုင် အောင်မြင်မှုရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သန္တာလှိုင်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အိမ်အကူအမျိုးသမီးအရွေ့နှိ- ပ်-စ-က် မှုတွေရှိခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့ခဲ့ ပြီး သူမရဲ့မောင်အရင်းဖြစ်တဲ့ အဆိုတော် ဘာဘူ ကိုယ်တိုင်ကလည်း သန္တာလှိုင်တို့ ဇနီးမောင်နှံအကြောင်း ပြောဆိုထားတဲ့ အသံဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ ပျံ့နှံ့ခဲ့တာပဲဖြစ်ပါတယ်။
ထိုအကြောင်းနဲ့ပတ်သက်ပြီး သန္တာလှိုင်က “ကျွန်မကို အခုလိုအချိန်ကြီးမှာ အေးဆေးပဲလို့ ထင်နေရင် ကျွန်မ ဟာ စိတ်ခံစားချက်တွေကို မျက်ရည်နဲ့ မပြတတ်လို့ ဖြစ် ပါလိမ့်မယ်။ အခုချိန်မှာ celebrity တစ်ယောက်အနေနဲ့ စိတ်ကူးထဲမှာတောင် ရန်သူကိုတိုက်ခိုက်ဖို့ မစဉ်းစားဘူး တဲ့ ယုတ်မာလွန်းတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်နဲ့ သွေး အရင်းဆုံးလူတွေက ကျွန်မဆီက လိုချင်တာမရလို့ မ ကျေနပ်လို့ မုန်းတီးစိတိနဲ့ လီဆယ်လုပ်ကြံပြီး တိုက်ခိုက် နေတယ်ဆိုတာကို လူပုံအလယ်မှာ ချပြဖို့ ကျွန်မ အတွက် ခက်ခဲနေလို့ပါ။ကျွန်မနဲ့ လက်တွဲအလုပ်လုပ်ခဲ့ဘူးတဲ့ သူတိုင်းက ကျွန်မ ဘက်က ရပ်တည်ပြီး ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ဖြေရှင်းပေးသမျှ ကော်မင့်အားလုံးကို ဖျက်ပစ်နေတဲ့ page ဟာ တကယ့် media လား ကျွန်မကို သေချာ လီဆယ်လုပ်ကြံ ဖို့ သက်သက် ဖွင့်ထားတာလား သေချာဖတ်ကြည့်ရင် သိသာနေပါပြီ။
ကျွန်မရဲ့ မိသားစု အရင်းဟာ ကျွန်မကို ပုက္ကိုယ်ရေး၊ စီးပွါးရေးအရ တိုက်ခိုက်ချင်တာ တစ်ခုထဲနဲ့ ကျွန်မတို့ ကျန်းမာရေးဝန် ဆောင်မှု platform ကြီးတစ်ခုလုံးရဲ့ လုပ်ငန်းအပေါ်မှာ အားကိုးပြီး ရပ်တည်နေရတဲ့ ကျန်းမာရေးလိုက်စားနေ ကြတဲ့ လူပေါင်း မြောက်များစွာ အပြင် လုပ်ငန်းကနေတစ်ဆင့် ဒီလူထုကြီးကို ဝန်ဆောင်မှုတွေ ပေးနေကြတဲ့ Personal Trainers တွေ Doctors, Nutritionist ဆရာဝန် တွေ အမျိုးသမီးအထူးကု Gynecologist ဆရာဝန်တွေ အခြားသော ဝန်ထမ်းတွေ နဲ့ သူတို့ကိုမှီခိုနေကြတဲ့ မိသားစုပေါင်း မြောက်များစွားရဲ့ အကျိုးစီးပွါးကိုပါ ပျက်စီးအောင် အောက်တန်းကျကျ လုပ်ကြံ တိုက်ခိုက် နေတဲ့ လူတစ်စုဟာ ကျွန်မရဲ့ သွေးသားရင်း တော်စပ်နေ ပါတယ် ဆိုတာ အင်မတန် အရှက်ရပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ချပြရမှာ ရှက်လို့ ကျွန်မ ရှင်းမပြချင်ပေ မယ့် မကြာခင်မှာ သူတို့ရဲ့ လုပ်ရပ်တွေ တစ်ခုချင်းစီ တရားဥပဒေဘောင်ထဲကနေ ရှင်းရှင်းကြီး ထွက်လာပါ လိမ့်မယ်။ အခုလောလောဆယ် social media မှာ လုပ်ကြံလီဆယ်ပြီး စွပ်စွဲ တိုက်ခိုက်ခံနေရတာထက် ပို ပြီး ကြီးမားတဲ့ မိသားစုပြသနာတွေကို တရားဥပဒေအရ အရင်ဆုံး ဖြေရှင်းပြီးမှ ပရိတ်သတ်ကို ချပြလို့ရမှာဖြစ် တဲ့အတွက် ဖျာခင်းစောင့်နေကြသော ပရိသတ်များရေ မကြာခင် ကျွန်မတို့ အမှန်တရားဘက်ကနိုင်ပြီး အမှု ပးအမ အ မြန်ဆုံးပြီးဆုံးပါစေလို့ ဆုတောင်းပေးကြပါနော်။ မိမိ အပေါ်ကောင်းတဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းလာ ကြတဲ့ သူတွေကို ကိုယ်ချင်းစာဖို့ မတောင်းဆိုချင်ပေမယ့် အနီးဆုံး လူတွေရဲ့ ဒဏ်ကို ခံပြီး ကြီးပြင်းလာကြသူ တွေကတော့ ကိုယ်ချင်းစာပြီး တွေးတတ်နိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။ လက်ရှိမှာ ကျွန်မတို့ဘဝအတွက် လုပ်စရာရှိတဲ့ အလုပ်တွေ ဆက်လုပ်သွားကြမယ်နော် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။
Credit;
The post သူမရဲ့သွေးသားအရင်းက လုပ်ကြံလီဆယ်တိုက်ခိုက်ခြင်းကိုခံနေရကြောင်း ပြည့်ပြည့်စုံစုံပြောပြလာတဲ့ သန္တာလှိုင် appeared first on Shwe Sar.
Your new digest 50
Post a Comment