သားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ အလန်းစားပုံရိပ်တွေကိုချပြရင်း ပရိသတ်ကြီးအံ့အားသင့်သွားအောင်လုပ်လိုက်တဲ့ သရုပ်ဆောင်မေဆူးမောင်
ပရိသတ်ကြီးရေ… ဘိုဆန်တဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေဆူးမောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် မေ ဇာတ်လမ်းတွဲတွေများစွာကိုလည်း ရိုက်ကူးရင်း လူသိ များလာခဲ့တာပဲ ဖြစ်ပါတယ်။ မေဆူးမောင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို လုပ်သလောက် နည်းပါးနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်သွားခဲ့တဲ့ မေဆူးမောင်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ပရိသတ်တွေ ကို Surprise တိုက်ခဲ့ပါတယ်။ မေဆူးမောင်က သူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရတာ ဖြစ်ပြီး သူမရဲ့ခင်ပွန်းနဲ့အတူတူ ကိုယ်ဝန်ဆောင် အမှတ်တရပုံရိပ်လေးတွေကို အခုလိုပဲ မျှဝေပေးလာ တာပဲ ဖြစ်ပါတယ်။
မေဆူးမောင်ကတော့ သူမဗိုက်ထဲက ရင်သွေးလေးဟာ သားသာလေးလား မီးမီးလေးလားဆိုတာကိုတော့ ထပ်မံပြီး Surprise တိုက်မယ်လို့ ပြောလာတာပဲဖြစ်ပါ တယ်။ ပရိသတ်ကြီးလည်း မိခင်လောင်းတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မေဆူးမောင် ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။
Credit;
Credit;
The post သားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ အလန်းစားပုံရိပ်တွေကိုချပြရင်း ပရိသတ်ကြီးအံ့အားသင့်သွားအောင်လုပ်လိုက်တဲ့ သရုပ်ဆောင်မေဆူးမောင် appeared first on World info Post.
Your new digest 50
Post a Comment