အမုန်းဇာတ်ကားထဲကလို အပြင်မှာသူကိုယ်တိုင်ရှုပ်ခဲ့ဖူးလို့ မိန်းမကကွာရှင်းစာချုပ်တောင်ပို့ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ညီနန္ဒ
ပရိတ်သတ်ကြီးရေ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။ ညီနန္ဒကတော့ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမရှိအောင် တော်သူ ဝါရင့်သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ပါတယ်နော်..။အခုအချိန်မှာဆိုရင်ညီနန္ဒကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်လျက်ရှိပြီး Live Sales တွေကိုလဲ မနားတမ်း လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ညီနန္ဒက သူ့ အပြင်ဘဝမှာ ‘အမုန်း’ ဇာတ်လမ်းတွဲထဲကလိုဘဲ သူ့မိန်းမအပေါ် ဖောက်ပြန်ခဲ့မိ ကြောင်း ပြောပြလာပါတယ်။
ညီနန္ဒကတော့ ‘၂၀၁၇ အရှေ့ပိုင်းမှာတုန်းက ကျွန်တော်ကိုယ်တိုင်က ရှုပ်ခဲ့တာ ဒါကြောင့်လဲ အခုချိန်မှာ ကျွန်တော့် အမျိုးသမီး ကို ကျွန်တော်အကောင်းဆုံး စိတ်ချမ်းသာအောင်ထားတယ် ကျွန်တော်ရှုပ်ခဲ့တာတွေကြောင့်ကျွန်တော်မိန်းမက မန္တလေးမှာတုန်းက ကွာရှင်းစာချုပ်ပိုပြီး ရန်ကုန်ပြန်မယ်ဆိုပြီးလုပ်ပါတယ် ကျွန်တော် ကွာရှင်းစာချုပ်မှာ လက်မှတ်လုံးဝမထိုးမေးခဲ့ဘူးလက်မှတ်မထိုးပေးဘဲ မိုးကုတ်ထွက်ပြေးခဲ့တယ် မိုးကုတ်မှာ ကျွန်တော်လဲ ငါ့ဘဝ တော့ လူတောမတိုးတော့ဘူးဆိုတဲ့စိတ်နဲ့ ဖုန်းနံပါတ်တွေဘာပြောင်းပြီး ဇာတ်မြုပ် လိုက်တယ်
အဲ့မှာ ဘုရားတရားကို ပုံမှန်လုပ်ဖြစ်တဲ့ အကျိုးနဲ့ ဒီလိုဘဝကို ပြိန်ရတာပါ ကျွန်တော် ပြန်ကောင်းလာတော့ ကျွန်တော်အမျိုးသမီးက ကျွန်တော့ကို စောင့်ကြံ ည့်ပြီး ပြန်လက်ခံတာပါ’ လိုမျှဝေလာပါတယ်။ ညီနန္ဒတိုမိသားစုလဲ ဒီလိုအဖြစ်ပျက် မျိုးတွေထက်မဖြစ်ဘဲ အေးချမ်းသာယာတဲ့ မိသားစုကို ပိုင်ဆိုင်နိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်
Credit;
Credit;
The post အမုန်းဇာတ်ကားထဲကလို အပြင်မှာသူကိုယ်တိုင်ရှုပ်ခဲ့ဖူးလို့ မိန်းမကကွာရှင်းစာချုပ်တောင်ပို့ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ညီနန္ဒ appeared first on Realsamachars News.
Your new digest 50
Post a Comment