ကစကက သပမကငပမယ မလတက ဂပတနငပယတ အငဂလန

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ဖို့ဒ်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ ဂေးဟီ၊ ထရစ်ပီယာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဟန်ဒါဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဒီဆန်၊ ဆာကာနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈ မိနစ်မှာကတည်းက အင်္ဂလန်တို့ ဂိုးစရခဲ့ကြပြီး ဒီဂိုးကိုတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ် တင်ပေးလိုက်တဲ့ ဘောလုံးကို တောင်ပံတိုက်စစ်ကနေ ဆာကာက ဂိုးရှေ့ဖြတ်ချိုးပေးရာမှာ ဟာရီကိန်းဆီ မရောက်ခင် ဝင်ဖျက်တဲ့ မော်လ်တာနောက်ခံလူ အာပက်ပ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်နေခဲ့တာပါ။

ဆောက်ဂိတ်ရဲ့ အာနိုးလ်ဒ်ကို နံပါတ် ၁၀ ဝတ်ပေးပြီး ကွင်းလယ်မှာ ထည့်ကစားခဲ့တဲ့ ကစားကွက်က တစ်ဖက်အသင်းကို ထင်သလောက် ဖိအားပေးနိုင်စွမ်း မရှိခဲ့သလို မော်လ်တာတို့အနေနဲ့ အိမ်ကွင်းမှာ ဘောလုံးပေးပို့မှု တိတိကျကျနဲ့ ကစားသွားနိုင်ခဲ့ပြီး အင်္ဂလန်တို့ တစ်ဖက်သတ် ဂိုးပြတ် နိုင်ပွဲလို့ ထင်ခဲ့သူတွေကို လွဲချော်စေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အင်္ဂလန်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဒီဆန်ရဲ့ ပေးပို့မှုကို မော်လ်တာခံစစ်က ရှင်းထုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဧရိယာအပြင်ကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ရှေ့ရောက်နေတဲ့ ဂိုးသမား ဘိုနယ်လိုကို ကျော်ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ တတိယဂိုးကို ရှာဖွေနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ အသင်းခေါင်းဆောင် ဟာရီကိန်းက သူကိုယ်တိုင် ခြေထောက်ချိတ်လှဲခံခဲ့ရလို့ ရခဲ့တဲ့ ပင်နယ်တီကို ဂိုးပေါက်အလယ်တည့်တည့်ကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းမှာ ဆာကာအစား ဖိုဒန် ဝင်လာခဲ့သလို အင်္ဂလန်တို့အနေနဲ့ ဒီနေ့မှာ အရန်ခုံကို အပြည့်အဝ အသုံးပြုသွားခဲ့ပြီး လုခ်ရှော၊ ဟာရီကိန်း၊ ဟန်ဒါဆန်နဲ့ မက်ဒီဆန်တို့အစား တိုင်ရုန်းမင်းစ်၊ ကယ်လမ် ဝီလ်ဆန်၊ ရက်ရှ်ဖို့ဒ်နဲ့ အီဇီတို့ကို ထည့်သွင်းသွားခဲ့သလို လူတွေကို အနားပေးသွားခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ စတုတ္ထအနိုင်ဂိုးကို အင်္ဂလန်တို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝီလ်ဆန်ရဲ့ ဖြတ်တင်ဘောကို တားဆီးတဲ့ မော်လ်တာ အသင်းခေါင်းဆောင် ဘော့ဂ် လက်ထိခဲ့လို့ ရတဲ့ ပင်နယ်တီကို ဝီလ်ဆန်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာကြောင့် လေးဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အင်္ဂလန်တို့အနေနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(စီ)မှာ သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့သလို အုပ်စုတွင်း အဓိကပြိုင်ဘက် အီတလီတို့ကို အမှတ်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ကစားကွက် သိပ်မကောင်းပေမယ့် မော်လ်တာကို ဂိုးပြတ်နိုင်ပွဲယူတဲ့ အင်္ဂလန် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post