မအအန ခစသကဖကအပခငပမယ အခနမတနသဘဆတ ပပ

ချစ်သူနဲ့သိပ်မကြာခင်မှာ ရွှေလက်တွဲတော့မယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ပိုပိုတစ်ယောက် သူမရဲ့အိပ်ယာထဲက ပုံရိပ်လေးတစ်ခုကို ရိုဆန်ဆန်စာသားလေးနဲ့ ဝေမျှခဲ့ပါတယ်။ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ မိသားစုရဲ့ချစ်ခြင်းမေတ္တာကိုလည်း အပြည့်မဝမရခဲ့တာမို့ ချစ်သူကို ပိုပြီးတွယ်တာတတ်သူတစ်ယောက်ပါ။

ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ကြီးပြင်းခဲ့ရပြီး ကိုယ်အောင်မြင်တဲ့အချိန်ရောက်မှ အဘွားကဆုံးပါးသွားတာမို့ One Lady Show မှာ အဘွားကို သတိရပြီး ငိုမိခဲ့ပါသေးတယ်။ ကိုယ်ပိုင်အိမ်မှာလည်း စိတ်ကိုပျော်စေမယ့် အော်ဂဲနစ်အသီးအနှံလေးတွေစိုက်ပျိုးထားပြီး ကိုယ်စိုက်တာကိုယ်စားရင်း ကျန်းမာပျော်ရွှင်နေခဲ့ပါတယ်။

သီချင်းအလန်းလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့အဆိုတော်မလေးဟာ ချစ်ခြင်းမေတ္တာတောင့်တနေသူတစ်ယောက်ပါ။ ဒီနေ့မှာလည်း သူမရဲ့ အိပ်ယာထစပုံရိပ်လေး ကို ” မိုးအေးအေးနဲ့စောင်ထဲကွေး မောင့်အနားဖက်အိပ်ချင်သော်လည် အချိန်မတန်သေးပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်သူနဲ့အမြန်ဆုံးနီးစပ်နိုင်ပါစေပိုရေ။

Happy – Cele Zone
Photo – Po Po

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိုးအေးအေးနဲ့ ချစ်သူကိုဖက်အိပ်ချင်ပေမယ့် အချိန်မတန်သေးဘူးဆိုတဲ့ ပိုပို




Happy – Cele Zone
Photo – Po Po


Your new digest 50

Post a Comment

Previous Post Next Post