သူမနဲ့ အဖြစ်ချင်းတူတဲ့ နှိိုင်းယှဉ်မြင့်မိုရ်ရဲ့ဗီဒီယိုကြောင့် အတိတ်ကလူတစ်ယောက်အကြောင်းကို ပြန်သတိရကာဖော်ထုတ်လိုက်တဲ့ ပက်ထရစ်ရှာ
ပရိသတ်ကြီးရေ.. ပတ်ထရစ်ရှာလို ဆိုလိုက်တာနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို လှပပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးကို မြင်ယောင်ကြ မယ်ထင်ပါတယ်။ ပတ်ထရစ်ရှာကတော့ ဗီဒီယို ဇာတ်ကားတွေများစွာ ကြော်ငြာတွေများစွာ ရိုက်ကူးခဲ့ ပေမယ့် လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ကို လျှော့ချထားတာပဲ ဖြစ်ပါတယ်။ အနုပညာလောက မှာ နေရာတစ်နေရာရရှိနေပြီဖြစ်တဲ့ ပတ်ထရစ်ရှာဟာ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ရဲ့ Documentary ဗီဒီယိုလေးကိုကြည့်ပြီး သူမကိုယ်တိုင်လည်း အနုပညာ လောကမှာ အနှိမ်ခံ၊ အနိုင်ကျင့်ခံခဲ့ရတာမျိုးတွေရှိတယ် လို့ ဆိုပါတယ်။
ဒါလေးကြည့်ပြီး မျက်ရည်ဝဲမိတယ်ကိုယ့်တုန်းကလည်း ဘာအတွေ့အကြုံမှ မရှိသေးတဲ့ model ပေါက်စအငုံးလေး ဘဝပဲရှိသေးတယ် trauma ပါရသွားတာ
အဲ့ခေတ်တုန်းက MFDG fashion show မှာ runway လျှောက်မယ့် rehearsal day ပေါ့ ရှာရှာကကိုယ့်အလှည့်မကျသေးခင် ခုံလေးမှာအမေနဲ့ထိုင်စောင့်လို့
ရှာရှာ့ဆရာက နိုင်ငံကျော် fashion ဒီဇိုင်နာနဲ့ရှာရှာ့ကို မိတ်ဆက်ပေးမလို့ “သမီးရေ ဒီကိုလာပါဦး” ဆိုပြီး ဟိုဘက်အခြမ်းကနေလှမ်းခေါ်လို့ ထပြီးလမ်းလျှောက်အသွားမှာ နိုင်ငံကျော် ပြည်သူ့အချစ်တော် မင်းသမီးက ကိုယ့်ကိုမျက်လုံးမှာ အဓိပ္ပာယ်ကြီးနဲ့ မျက်နှာကိုမဲ့ရွဲ့ပြီး ခေါင်းအစခြေအဆုံးကြည့်လိုက်တဲ့အကြည့်ကြောင့် အနုပညာခြေလှမ်းအစမှာတင် ထိုင်ငိုခဲ့ရတဲ့အထိပဲသူ့အကြည့်က အခုမှ အနုပညာလောကထဲကိုဝင်လာတဲ့ junior အငယ်လေးကို စိတ်ပျက် အားငယ်သွားအောင် psycho သွင်းတဲ့အကြည့်ကိုတမင်ရည်ရွယ်ပြီးလုပ်ပြတာမျိုးနှစ်တွေကြာလို့ ရှာရှာ မင်းသမီးဖြစ်လာတော့ မမနှိုင်းယှဉ်နဲ့ ရှူတင်တွေမှာဆုံရင်း စကားစပ်မိသွားရင်းပြောဖြစ်ကြတော့မှသိရတယ် အဲ့နိုင်ငံကျော်မင်းသမီးက မမနှိုင်းယှဉ်ကိုလည်း သူ့ထပ်လှမှာစိုးလို့ ဆံပင်တွေဆွဲဖြုတ်ပစ်တာတွေ ဇာတ်ရံဆိုပြီးအနိုင်ယူတာတွေစသဖြင့် ယုတ်မာတဲ့လုပ်ရပ်တွေလုပ်ဖူးတယ်ဆိုတာသိလိုက်ရတော့လေ(ပရိသတ်တွေရှေ့ကျရင် မြုံစိစိနဲ့ အေးသလိုလိုရိုးသလိုလိုနဲ့ တကယ်တမ်းကျရင် စိတ်ဓာတ်ကပုတ်သိုးလောက်ထိုးပြီး သူများတွေအပေါ် twist တွေလုပ်တတ်တဲ့အကျင့်ကြီးရှိနေမှန်းသိတော့) အဲ့မင်းသမီးကိုဆို အခုထိမုန်းတာအရမ်းပဲတစ်ခြားသူတွေဆီကတစ်ဆင့် နောက်တစ်ခုထပ်ကြားတဲ့ သူ့အကြောင်းကလည်းတက်သစ်စ actor ပေါက်စ junior လေးတွေ ငိုခန်း drama ခန်းသရုပ်ဆောင်နေချိန်ဆို အဲ့ဒီသရုပ်ဆောင်တွေ မျက်စိရှေ့တည့်တည့်ကနေ နေပြီး အစားတွေစားပြ ဟာသတွေပြော တဟီးဟီးနဲ့ mood ရဖို့အရမ်းကြိုးစားရတဲ့ အသစ်လေးတွေကို ဖျက်လိုဖျက်ဆီးလုပ်တာတဲ့ကိုယ်သာ သူများသရုပ်ဆောင်နေတဲ့အချိန် မျက်စိရှေ့နေပြီး အဲ့လိုတွေ အနှောက်အယှက်ပေးပြီးသူများကိုသတ်ချပစ်တာမျိုးတွေမလုပ်ဖူးတာအဲ့လိုလုပ်တတ်တဲ့ အယုတ်တမာတွေကတော့ ဒီလောကမှာ တကယ်ရှိတယ်နော်ကြုံဖူးတဲ့သူတိုင်းသိကြတယ်
အဲ့လိုတွေအလုပ်ခံရပါများလာတဲ့ ကိုယ်တွေက ကြာတော့ စိတ်ရိုင်းကဝင်လာရော စိတ်ပျက်လွန်းလို့ လူအများနဲ့လုပ်ရတဲ့အလုပ်ဆို လုံးဝကိုမလုပ်ချင်တော့တာကောင်းတဲ့လူတွေလည်း တကယ်ရှိပါတယ်ဒါပေမယ့် ပါဝါရှိတဲ့လူဘက်လိုက်ပြီး ပူးပေါင်း bullying လုပ်ပေးတဲ့ လူမျိုးတွေကတော့ အများစုပါပဲ
ပတ်ထရစ်ရှာကတော့ သူမကိုယ်တိုင်လည်း မော်ဒယ်လ်မင်းသမီးပေါက်စဘဝမှာ စီနီယာမင်းသမီးကြီးရဲ့ မနာလိုမုန်းတီးမှုတွေခံခဲ့ရပြီး သူမအနေနဲ့ အဆိုပါစိတ်ဒဏ်ရာကြောင့် ထိုမင်းသမီးကို ဒီနေ့အထိ မုန်းနေတုန်းပဲလို့ ဆို ပါတယ်။
Credit;
သူမနဲ့ အဖြစ်ချင်းတူတဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ဗီဒီယိုကြောင့် အတိတ်ကလူတစ်ယောက်အကြောင်းကို ပြန်သတိရကာဖော်ထုတ်လိုက်တဲ့ ပက်ထရစ်ရှာ
Credit;
The post သူမနဲ့ အဖြစ်ချင်းတူတဲ့ နှိိုင်းယှဉ်မြင့်မိုရ်ရဲ့ဗီဒီယိုကြောင့် အတိတ်ကလူတစ်ယောက်အကြောင်းကို ပြန်သတိရကာဖော်ထုတ်လိုက်တဲ့ ပက်ထရစ်ရှာ appeared first on World info Post.
Your new digest 50
Post a Comment