ဗကထမရငသလလယပ ပထမဆခငဆငမငသမတငရကတပလက ခငပနနအတသရလ ကနပပတဖစနတ ပကဖခင
ဗိုက်ထဲမှာရင်သွေးလေးလွယ်ပြီး ပထမဆုံးခေါင်းဆောင်မင်းသမီးတင်ရိုက်တဲ့ပွဲလေးကို ခင်ပွန်းနဲ့အတူသွားရလို့ ကျေနပ်ပီတိဖြစ်နေတဲ့ ပိုးကြာဖြူခင်
ပိုးကြာဖြူခင်ဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်ကို MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် သိမ်းပိုက်နိုင်ခဲ့တဲ့ အနု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေဟာ ပရိသတ်တွေကြားမှာ နာမည်မကြီး တာမရှိရလောက်အောင် အောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတ ယ်။ ပိုးကြာဖြူခင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ရုတ်တရုတ်မင်္ဂ လာဆောင်သွားရင်း ဝေဖန်များစွာကြားက အိမ်ထောင်ရေးကို အခု ချိန်ထိ အကောင်းဆုံး ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ ပိုးကြာဖြူခင် ဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ခင်ပွန်းနဲ့အတူအချိန်ကုန် ဆုံးနေတဲ့အကြောင်းလေးတွေကို
အမြဲတင်ပေးလေ့ရှိသူဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ ပထမဆုံးခေါ င်းဆောင်မင်းသမီးအနေနဲ့ ကကြီးခကွေးရုပ်ရှင်ဇာတ်ကားကြီးမှာ လွှမ်း ပိုင် ရှင်မွေလ ထွန်းထွန်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါ တယ်။ ပိုးကြာဖြူခင်ဟာ အခုတစ်ခါမှာတော့ သူမရဲ့ ပထမဆုံးခေါ င်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးရုံ တင်တဲ့ပွဲကို တက်ရောက်ရင်း ခင်ပွန်းဖြစ်သူအပြင် ဗိုက်ထဲကကလေး လးနဲ့အတူ ပွဲတက်ရတဲ့ခံစားချက်တွေအပြင် အနုပညာအလုပ်တွေ ရပ် နားတော့မယ်ဆိုတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။ ပိုးကြာဖြူခ င်က ဒီကားက ညီမအတွက် ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ်ရို က်ရတဲ့ ကားဖြစ်တယ်။ ပြီးခဲ့တဲ့ ဖေဖဝါရီလကရိုက်တယ် ပြီးတော့ ာက်လပိုင်းမှာ
ရုံတင်တယ်ဆိုတော့ ကြားထဲမှာ အကြာကြီးလဲ မဟဘူးပေါ့နော်။ အခု လိုမျိုး မြန်မြန်ရုံတင်သွားတဲ့အတွက်လဲ ဝမ်းသာတယ်။ ပရိသတ်တွေ နဲ့လဲဆုံချင်တော့ ကိုယ်ဝန်ရှိနေလျက်နဲ့ ရုံတင်ပွဲလေးတက်ဖြစ်သွားတာ ပါ။ အမှတ်တရက ဘာတွေရှိလဲဆိုတော့ အဲ့တုန်းကတော့ ပုပ္ပါးမှာ ရိုက် တာပေါ့ နွေရာသီကြီးရိုက်ရတာဆိုတော့ အရမ်းပူတယ်။ အဲ့တုန်းက င်းသားသုံးလက်နဲ့ရိုက်ခဲ့ရတာ။ ရှင်မွေလက သူငယ်ချင်းဆိုတော့ ရ င်းနှီးပြီးသားပါ ကျန်တဲ့မင်းသားနှစ်ယောက်ကတော့ အခုမှစရိုက်ဖူး တာဆိုတော့ သူတို့ကိုတော့ လိုက်မှအောင်ကြိုးစားရတာပေါ့။ ကိုထွန်း ထွန်းဆိုရင် ညီမငယ်ငယ်ထဲက အရမ်းအားပေးရတဲ့ အဆိုတော် သူက အရမ်းလဲတော်တော့ ကိုယ်ကလဲ ဒရာမာကားတွေပဲရိုက်ဖူးတာ တစ်ခါ မှ ဟာသကားမရိုက်ဖူးတော့ ပထမဆုံးရိုက်ကူးတဲ့ ဟာသကားဆိုတော့ ကြောင်တောင်တောင်ကြီးဖြစ်နေမှာတော့ စိုးရိမ်တယ်။ ကိုယ်ကဆရာ မနေရာက သရုပ်ဆောင်ရတော့ မြန်မာဝတ်စုံလေးတွေကအစ
အပြင်အဆင်လေးတွေအဆုံး သေချာလေးဂရုစိုက်ခဲ့ရတာပေါ့။ ကိုယ် ဝန်ကလဲရနေတော့ ခရီးအကြာကြီးထွက်ရမယ်ဆိုရင် ကျန်းမာရေးထိခို က်နေမှာစိုးလို့ ခရီးလဲမထွက်ဘူး ပွဲတွေဆိုလဲ ငြင်းတာများတယ်။ ဒါ ကတော့ ကိုယ်ရိုက်ထားတဲ့ရုပ်ရှင်ပွဲလေးဖြစ်နေတော့ ပွဲလေးတက်ဖြစ် သွားတာပါ။ ပွဲပြီးရင်တော့ပြန်ရမယ် မန္တလေးမှာတော့ စီးပွားရေးလဲရှိ တာ့ လွှတ်ထားလို့မရဘူး။ သီချင်းတွေတော့ ဆက်လုပ်ဖို့ရှိတယ်။ ဒီဇာ တ်ကားပြီးရင်တော့ သီချင်းအသစ်တစ်ပုဒ်ထွက်ဖို့ရှိတယ်။ သီချင်းပဲ တာက်လျောက်လုပ်ဖြစ်သွားမှာ ဘာလို့လဲဆိုတော့ အမျိုးသားကလဲ ရု ပ်ရှင်ရိုက်ရတာပင်ပန်းတော့ ရုပ်ရှင်ထက်စာရင် သီချင်းကျတော့ သူ လဲဝါသနာပါတော့ သီချင်းဘက်ကိုပဲ ဆက်ပြီးလုပ်ဖြစ်ဖို့ရှိပါတယ်။ အခုကကျတော့ ပြောင်းလဲလိုက်တယ်ဆိုတာထက် အိမ်ထောင်ကကျ သွားတော့ ကိုယ်ဝန်လဲချက်ချင်းတန်းယူလိုက်တာဖြစ်တဲ့အတွက် အနု ပညာအလုပ်က နားမှဖြစ်မယ်ဆိုတဲ့ပုံစံဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့
ကိုယ့်ရဲ့ကျန်းမာရေး အခြေအနေကလဲရှိသေးတယ်လေ။ ဒီကားလေး က ကိုယ့်ရဲ့ ပထမဆုံးခေါင်းဆောင်မင်းသမီးအနေနဲ့ ရုပ်ရှင်ကားလဲဖြစ် တယ် အိမ်ထောင်ကျပြီးကားမှာပဲ ရုံတင်လိုက်တယ် ဘာပိုထူးခြားသွား လဲဆိုတော့ အစက စိတ်ကူးယဉ်တာပေါ့။ ငါ့ကားလေးရုံတင်ရင် ငါဘ ယ်လိုပွဲတက်မယ်ပေါ့။ အခုကတော့ ဗိုက်ထဲကကလေးလေးနဲ့ ဘေးနား ကယောကျာ်းနဲ့ပွဲတက်ရတာဆိုတော့ နဲနဲတော့ထူးခြားသွားတာပေါ့နော် ဆိုပြီး သူမရဲ့ခံစားချက်တွေကို အခုလိုပြောပြလာတာဖြစ်ပါတယ်။ ပိုး ကာဖြူခင်ဟာ ကိုယ်ဝန်လေးနှစ်လအရွယ်ရနေတဲ့အချိန်မှာ ခေါင်း ဆာင်မင်းသမီးအဖြစ်ရိုက်ထားတဲ့ကားရုံတင်တာကြောင့် ခင်ပွန်း နဲ့အတူ မန္တလေးကဆင်းလာပြီး တကူးတကပွဲတက်ခဲ့တယ်ဆိုတာ ပရိ သတ်တွေလဲ သိကြပြီထင်ပါတယ်။ ပိုးကြာဖြူခင်ဟာ တစ်ခါမှ ခင်ပွန်း နဲ့ ကိုယ်ဝန်နဲ့ပွဲမတက်ဘူးတာကြောင့် ထူးထူးခြားခြားခံစားနေရတယ် ဆိုပြီး မိခင်မေတ္တာအပြည့်နဲ့ ပြောခဲ့တာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ လတ်တလောမှာ ခင်ပွန်းဖြစ်သူအွန်လိုင်းမှာတင်ထားတဲ့ ကိစ္စတွေကို လိုက်ဖြေရှင်းရင်း ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုတာခံနေရသူဖြစ်ပြီး အိမ်ထောင်ရေးလေးကိုတော့ ဝေဖန်ပြေရဆိုမှုများစွာကြားထဲက လူအ များအကျရအောင် သာသာယာယာတည်ထောင်ထားနိုင်သူပဲဖြစ်ပါတ ယ်။
Credit;
Credit;
The post ဗိုက်ထဲမှာရင်သွေးလေးလွယ်ပြီး ပထမဆုံးခေါင်းဆောင်မင်းသမီးတင်ရိုက်တဲ့ပွဲလေးကို ခင်ပွန်းနဲ့အတူသွားရလို့ ကျေနပ်ပီတိဖြစ်နေတဲ့ ပိုးကြာဖြူခင် appeared first on World info Post.
Your new digest 50
Post a Comment
Previous Post Next Post