ယာဉ်အသွားအလာရှုပ်ထွေးတဲ့ ကားလမ်းပေါ် လိမ့်ဆင်းလာခဲ့တဲ့ ကလေးတွန်းလှည်းထဲက ကလေးလေးကို ကယ်တင်ခဲ့တဲ့အတွက် ဟီးရိုးအဖြစ် လူမှုကွန်ယက်မှာ နာမည်ကြီးသွားခဲ့တဲ့ အမျိုးသားဟာ အခုဆို အလုပ်ရသွားခဲ့ပါပြီ။ ရွန်နက်စ်မန်းလို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာSouthern California Applebee’s မှာ အလုပ်အင်တာဗျူးဖြေပြီး ထွက်လာစဉ် ကားလမ်းပေါ် လိမ့်ဆင်းလာတဲ့ ကလေးတွန်းလှည်းတစ်စီးကို မြင်တွေ့ခဲ့တာပါ။
ကလေးတွန်းလှည်းထဲက ကလေးလေးရဲ့ဒေါ်ကြီးဖြစ်သူကလည်း မြေပြင်ပေါ် လဲကျနေတဲ့အချိန်မှာ နက်စ်မန်းက ကားလမ်းပေါ်ရောက်တော့မယ့် ကလေးတွန်းလှည်းကို အချိန်မီတားဆီးလိုက်နိုင်ခဲ့တာပါ။ သူက ကလေးတွန်းလှည်းကို တားခဲ့တဲ့အပြင် တုန်လှုပ်ပြီး ငိုနေတဲ့ ဒေါ်ကြီးဖြစ်သူကိုလည်း ပွေ့ဖက်နှစ်သိမ့်ပေးခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်ကြောင့်၊သူနာမည်ကြီးသွားတာကြောင့်မဟုတ်ဘဲ သူ့ရဲ့အရည်အချင်းနဲ့ နှိမ့်ချတတ်တဲ့ ပင်ကိုယ်စရိုက်ကြောင့် အလုပ်ရသွားခဲ့တာပါ။ “သူက လူကောင်းတစ်ယောက်ဖြစ်ပြီး တော်တဲ့ အင်တာဗျူးဖြေဆိုသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူက သေချာပေါက် Applebee’s မှာ ကျွန်တော်တို့နဲ့ သင့်လျော်မှာပါ”လို့ နက်စ်မန်းကို အလုပ်ခံခဲ့တဲ့ အထွေထွေမန်နေဂျာ အက်မလီ ကန်ဒီက ပြောပါတယ်။
နက်စ်မန်းက အိမ်ရာမဲ့ဘဝနဲ့ ကျင်လည်ခဲ့တာ ၈ နှစ် ဝန်းကျင်ရှိခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သူ့အစ်မဖြစ်သူနဲ့အတူပြန်နေထိုင်ခဲ့ပြီး အလုပ်ရှာနေခဲ့တာပါ။
Ref: Courageous US Man Who Saved Baby From Rolling Into Traffic Lands Up A Job
WL (ရိုးရာလေး)
The post ကားလမ်းပေါ် လိမ့်ဆင်းလာတဲ့ ကလေးတွန်းလှည်းကို ပြေးတားခဲ့တဲ့ အမျိုးသား အလုပ်ရရှိသွားခဲ့ပြီ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment