လိုင်ယွန်နဲ့ပွဲမတိုင်ခင် လုပ်ရပ်ကြောင့် ဝေဖန်ခံနေရတဲ့ ဥက္ကဌကြီး

သစ္စာရှိမှု၊ စိတ်အားထက်သန်မှုတို့ကို ပြသတဲ့အနေနဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေဟာ လိုင်ယွန်နဲ့ ပွဲမတိုင်ခင် အသင်းရဲ့ အမာခံပရိသတ်တွေနဲ့ စုရုံးဖို့ လမ်းမပေါ် ထွက်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ မင်းသားများ ကွင်းအပြင်ဘက်က ပီအက်စ်ဂျီအမာခံပရိသတ်အဖွဲ့ K-Soce အဖွဲ့ရဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ မီးရှူးတိုင်ကို ထွန်းညှိပေးခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတို့ကနေ ထွက်ခွာခဲ့ရပြီးဖြစ်ပေမယ့်လည်း အမ်ဘာပေက ပရိသတ်တွေကို အသင်းကစားသမားတွေက ရာသီကို မြင့်မားတဲ့နေရာမှာ အဆုံးသတ်ဖို့ ဆက်လက် နှစ်မြှုပ်ထားဆဲဖြစ်တယ်ဆိုတာကို အာမခံချင်ခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေက စိတ်အားထက်သန်စွာ မိန့်ခွန်းပြောကြားဖို့ စင်မြင့်ပေါ် တက်ချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့ပြီး ပြီးတဲ့နောက်မှာတော့ မီးထွန်းညှိထားတဲ့ မီးရှူးတိုင်ကို ကိုင်ဆောင်ထားတဲ့ ပီအက်စ်ဂျီအမာခံပရိသတ်အဖွဲ့နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်အချို့ကတော့ ပီအာ စတန့်ထွင်မှုလို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ “သူက ဘောလုံးအပေါ်မှာ အာရုံမစိုက်ဘူး။ သူက ဟာဇက်လိုပဲ ခြေကျသွားလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သူ့ရဲ့ စံပြပုဂ္ဂိုလ် ပင်နယ်ဒိုအတိုင်းပဲ ပီအာ စတန့်ထွင်နေတာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

The post လိုင်ယွန်နဲ့ပွဲမတိုင်ခင် လုပ်ရပ်ကြောင့် ဝေဖန်ခံနေရတဲ့ ဥက္ကဌကြီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post