လျှပ်စစ်ဓါတ်အား ပေးတာမမှန်သော်လည်း တရားမဝင်ဓါတ်အားသုံးစွဲပါက တရားစွဲ အရေးယူမည်ဟုအသိပေးထုတ်ပြန်

လျှပ်စစ်ဓါတ်အား ပေးတာမမှန်သော်လည်း တရားမဝင်ဓါတ်အားသုံးစွဲပါက တရားစွဲ အရေးယူမည်ဟုအသိပေးထုတ်ပြန်

လျှပ်စစ်ဓာတ်အားကိုတရားမဝင် သုံးစွဲနေမှုရှိနေပါကသုံးစွဲသူတွေကိုလျှပ်စစ်ဥပဒေနဲ့တရားစွဲဆိုသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းYESCကအသိပေးထုတ်ပြန်လိုက်ပါတယ်။၂၀၁၄ ခုနှစ်လျှပ်စစ်ဥပဒေနဲ့တရားမဝင်သုံးစွဲမှုတွေတွေ့ရှိပါကတရားစွဲသွားမည်ဖြစ်ကြောင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ ဧပြီလ (၆) ရက်နေ့ကထုတ်ပြန်လာတဲ့အသိပေးချက်မှာပါရှိတယ်လို့ဆိုပါတယ်။အဆိုပါအသိပေးချက်တွင်တရားဝင်ဓာတ်အားသုံးစွဲခွင့်မရှိသေးသူအချို့ဟာမသမာတဲ့နည်းလမ်းများနဲ့တရားမဝင်ဓာတ်အားသုံးစွဲမှုများပြုလုပ်နေကြောင်းနဲ့လက်ရှိကာလအတွင်း နိုင်ငံတဝန်း ဓာတ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့်

ပြည်သူလူထုရဲ့ဝေဖန်ပြစ်တင်မှုများမြင့်တက်နေချိန်တွင်ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကယခုလိုထုတ်ပြန်လာခြင်းဖြစ်ပြီးတရားမဝင်ဓာတ်အားသုံးစွဲသူများကို ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ(၅၂)၊ (၅၃)ဖြင့်အရေးယူမည်ဟုဖော်ပြပါရှိပါတယ်။

ယင်းဥပဒေပုဒ်မဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပါက ငွေဒဏ်အပြင် ထောင်ဒဏ်အနည်းဆုံး (၅) နှစ်မှ အများဆုံး (၁၀) နှစ်အထိချမှတ်ခံရမည် ဖြစ်ကြောင်းနဲ့တရားမဝင်လျှပ်စစ်ဓာတ်အားယူငင်သုံးစွဲမှုများကြောင့်ဓာတ်အားချို့ယွင်းမှုများဖြစ်ပေါ်ပါကတရားဝင်ဓာတ်အားသုံးစွဲသူများအတွက်လည်း အနှောင့်အယှက်များ ဖြစ်ပေါ်စေကြောင်း YESC ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

တရားမဝင် ဓာတ်အားသုံးစွဲမှုများအား လျှပ်စစ်ဝန်ထမ်းများကကွင်းဆင်းစစ်ဆေးသွားမှာဖြစ်ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ်ဆေးတွေ့ရှိပါကမီးသုံးစွဲသူကာယကံရှင်နဲ့အတူပူးပေါင်းကြံစည်ပါဝင်လုပ်ဆောင်သူများကိုဓာတ်အားဖြတ်တောက်ခြင်း၊လျော်ကြေးငွေအားတပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများနဲ့လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

The post လျှပ်စစ်ဓါတ်အား ပေးတာမမှန်သော်လည်း တရားမဝင်ဓါတ်အားသုံးစွဲပါက တရားစွဲ အရေးယူမည်ဟုအသိပေးထုတ်ပြန် appeared first on သုတရသအဖြာဖြာ.



Your new digest 49

Post a Comment

Previous Post Next Post