




Credit;

ကွယ်လွန်သွားတဲ့ဟာသလူရွှင်တော်ကြီးဦးဝင်းနိုင်နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်း ဝမ်းနည်းကြောင်းဖော်ထုတ်လာတဲ့ အေးဝတ်ရည်သောင်း

မော်ဒယ်၊ ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ အနုပညာလောကထဲကို အသက် (၁၃) နှစ် အရွယ်ကတည်းက ဝင်ရောက်လာခဲ့သူမို့ အနုပညာ လောကသားတွေနဲ့ အရမ်းကိုရင်းနှီးပြီး မိသားစုလို မောင်နှမလို ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတာ ပဲ ဖြစ်ပါတယ်ဒီကနေ့ ဧပြီလ (၂၉) ရက်နေ့မှာတော့ သရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ) ကွယ်လွန်သွားခဲ့ပြီး အေးဝတ်ရည်သောင်းက ဦးဝင်းနိုင်အတွက် စိတ်မ ကောင်းဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါ တယ်။

အေးဝတ်ရည်သောင်းက “လေးလေးရေ အေးချမ်းတဲ့ နေရာကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ မှတ်မှတ်ရရ ဒီစာအုပ်လေးထွက်တုန်းက ဖုန်းတွေပြော ဖြစ်သေးတယ်နော်။ ငယ်ငယ်ကဆို လေးလေးနဲ့ သားအဖခန်းအမြဲရိုက်ခဲ့ရတာ ရုပ်ကလေးဆင်လို့တဲ့ လေ။ သမီးနဲ့ဆုံခဲ့ချိန်တိုင်းသင်ပေးခဲ့တဲ့အရာတွေ အတွက်ကျေးဇူးပါ အဝေးကနေပဲကန်တော့ပါတယ် လေးလေးရေ.. ကောင်းရာသုဂတိလားပါစေ ။” ဆိုပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့တာပဲ ဖြစ်ပါ တယ်။

အေးဝတ်ရည်သောင်းကတော့ သူမကို ငယ်စဉ် ကတည်းက အနုပညာနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့ သလို ရုပ်ချင်းဆင်တူသူတစ်ယောက်အနေနဲ့လည်း သားအဖဇာတ်ဝင်ခန်းတွေအများကြီး ရိုက်ခဲ့ဖူးတဲ့ လေး ဦးဝင်းနိုင်ရဲ့နာရေးသတင်းအတွက် တော်တော် လေးစိတ်မကောင်းဝမ်းနည်းဖြစ်နေတာပဲဖြစ်ပါတယ်။

Credit;

The post ကွယ်လွန်သွားတဲ့ဟာသလူရွှင်တော်ကြီးဦးဝင်းနိုင်နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်း ၀မ်းနည်းကြောင်းဖော်ထုတ်လာတဲ့ အေးဝတ်ရည်သောင်း appeared first on World info Post.


Your new digest 50

Post a Comment

Previous Post Next Post