မိရင်းဖရင်းက သိန်း(၂၀)နဲ့လိုက်ရောင်းစားခြင်းခံရတဲ့ ကလေးငယ်နဲ့ပတ်သက်ပြီး အခြေအနေတွေကို ထပ်မံပြောပြလာခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ပရဟိတမင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ မိဘမဲ့ ခိုကိုးရာမဲ့တဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးနေခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ရသူပါ။

မနေ့ကတော့ မိရင်းဖရင်းက သိန်း(၂၀)နဲ့ (၅)လသားကလေးငယ်နဲ့ပတ်သက်ပြီး ခိုင်နှင်းဝေက ကလေးမိဘတွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်းကြားသိပြီးသားဖြစ်မှာပါနော်။ ပရိသတ်တွေကိုယ်တိုင်တောင် ကလေးနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေခဲ့ရတဲ့အထိကို တော်တော်လေး ကယက်ထတဲ့အထိဖြစ်နေခဲ့ရပါသေးတယ်။

ခိုင်နှင်းဝေကတော့ ကလေးနဲ့ပတ်သက်ပြီး “အားလုံး စိတ်ပူနေတဲ့ ကလေးကိစ္စ ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်ပေးထားပါတယ်ရှင်..အချိန်မှီ မထိန်းသိမ်းနိုင်ပါက မသမာသူများ လက်ထဲ ရောက်ရှိသွားမှာ ဆိုးတဲ့ အတွက်ကြောင့်ပါ…တာဝန်ရှိသူများမှလဲ အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်ရှင်”ဆိုပြီး လက်ရှိအခြေအနေကို မျှဝေပြောပြလာခဲ့ပါတယ်။

Source – Khine Hnin Wai
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-

မိရင္းဖရင္းက သိန္း(၂၀)နဲ႔လိုက္ေရာင္းစားျခင္းခံရတဲ့ ကေလးငယ္နဲ႔ပတ္သက္ၿပီး အေျခအေနေတြကို ထပ္မံေျပာျပလာခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကိုအျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ ပရဟိတမင္းသမီးႀကီးတစ္လက္ပဲျဖစ္ပါတယ္။ မိဘမဲ့ ခိုကိုးရာမဲ့တဲ့ ကေလးငယ္ေတြကို ျပဳစုေစာင့္ေရွာက္ေပးေနခဲ့တာေၾကာင့္ ပရိသတ္ေတြက ခ်ီးက်ဴးေနခဲ့ရသူပါ။

မေန႔ကေတာ့ မိရင္းဖရင္းက သိန္း(၂၀)နဲ႔ (၅)လသားကေလးငယ္နဲ႔ပတ္သက္ၿပီး ခိုင္ႏွင္းေဝက ကေလးမိဘေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ သတင္းေလးကို ပရိသတ္ေတြလည္းၾကားသိၿပီးသားျဖစ္မွာပါေနာ္။ ပရိသတ္ေတြကိုယ္တိုင္ေတာင္ ကေလးနဲ႔ပတ္သက္လို႔ စိတ္မေကာင္းျဖစ္ေနခဲ့ရတဲ့အထိကို ေတာ္ေတာ္ေလး ကယက္ထတဲ့အထိျဖစ္ေနခဲ့ရပါေသးတယ္။

ခိုင္ႏွင္းေဝကေတာ့ ကေလးနဲ႔ပတ္သက္ၿပီး “အားလုံး စိတ္ပူေနတဲ့ ကေလးကိစၥ ကို သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ အတူ ပူးေပါင္းေဆာင္႐ြက္ေပးထားပါတယ္ရွင္..အခ်ိန္မွီ မထိန္းသိမ္းႏိုင္ပါက မသမာသူမ်ား လက္ထဲ ေရာက္ရွိသြားမွာ ဆိုးတဲ့ အတြက္ေၾကာင့္ပါ…တာဝန္ရွိသူမ်ားမွလဲ အေကာင္းဆုံး ေဆာင္႐ြက္ေပးေနပါတယ္ရွင္”ဆိုျပီး လက္ရွိအေျခအေနကို မွ်ေဝေျပာျပလာခဲ့ပါတယ္။

Source – Khine Hnin Wai
Chilli – CeleZone


Your new digest 50

Post a Comment

Previous Post Next Post