သားနဲ့သမီးအတွက် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ အတ္တမပါတဲ့ မိဘမေတ္တာအစစ်အမှန်ကိုသာပေးခဲ့တယ်ဆိုတဲ့ မနော

သားနဲ့သမီးအတွက် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ အတ္တမပါတဲ့ မိဘမေတ္တာအစစ်အမှန်ကိုသာပေးခဲ့တယ်ဆိုတဲ့ မနော

မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုတဲ့ အဆိုတော်မနောကိုတော့ လူကြီး လူငယ် ပရိသတ်အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ မနောဟာ အဆိုတော်တစ်ယောက်ဖြစ်သလို ဘာသာရေးနဲ့ ကုသိုလ်ရေးကို အထူးလိုက်စားသူဖြစ်ပြီး သူ့ရဲ့မိသားစုဟာလည်း ဗုဒ္ဓဘာသာအပေါ် လွန်စွာသက်ဝင်ယုံကြည်သူတွေပဲဖြစ်ပါတယ်။ မနောရဲ့ သားနဲ့သမီးဟာလည်း သာသနာ့ဘောင်ထဲကို အပြီးဝင်ရောက်သွားခဲ့ပြီး မနောက သူ့ရဲ့သားနဲ့သမီးအပေါ် အတ္တမပါတဲ့ မိဘမေတ္တာအစစ်ကိုသာပေးခဲ့တယ်လို့ ဆိုပါတယ်။

မနောက “သားရတနာ သမီးရတနာလို့ လူတွေပြောကြတယ်။ အမှန်တကယ် ရတနာဖြစ်ဖို့တော့ ခက်ခဲပါတယ်လေ။ တချို့ သမီးဦးလေးမွေးတော့ စိတ်ညစ်ကြတယ်။ သားယောကျာ်းလေးမွေးမှ မြတ်တယ်လို့ ဆိုကြပြန်တယ်။ ရှင်ပြုပွဲလုပ်ဖို့ သမီးပဲရှိနေလျှင် အလှူကြီးပေးလို့ မရဘူးသားမပါသေးဘူးလို့ပြောကြတယ်ပေါ့။ ဒါတွေက ပညတ်တွေသာဖြစ်ပါတယ် အမှန်တရားမဟုတ်သေးပါဘူး။ အမှန်တကယ်ကတော့ အလှူပွဲကြီး ကျင်းပတော့မယ်ဆိုလျှင် (ရှင်သာမဏေ )ကိုရင်ဝတ်ပေးဖို့ မိမိသားသမီးမရှိလည်း သူများသားသမီးဝတ်ပေးပြီးလှူလို့ရပါတယ်။ အဓိက ကတော့ အလှူပွဲကြီးကျင်းပတာကိုက သားသမီးရှိလျှင် ရှင်ပြု နားသ သားက ကိုရင် သမီးက သီလရှင်ပေါ့။ သာသနာ့အမွေပေးတာပဲဖြစ်ပါတယ်။ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ဖို့ ရည်သန်ပြီး လှူကြရမှာပါ။ ရာသက်ပန် မဝတ်နိုင်တောင်မှ (၇) ရက် လောက်ဝတ် ပေးပြီး တရားဓမ္မများသင်ယူသင့်တယ်။ သံသရာမှာ အထုံပါသွားဖို့အရေးကြီးတယ်လေ။ အလှူပွဲကြီး ကျင်းပပြီး ဘယ်သူမှ မဝတ်လျှင်တော့ လူတွေထမင်းကျွေး သံဃာလှူတဲ့ကုသိုလ်တော့ရမယ်။”

“ပျော်ပွဲရွှင်ပွဲထည့်ပြီး ပျော်ပါးမြူးတူး မူးရူးနေလျှင်တော့ အလှူရဲ့ပီတိလို့ထင်ရပေမည့် လောကီပီတိသာဖြစ်ပြီး မောဟများဖြင့်သာနေသောကြောင့် အပယ်ဘုံသာ ခရီးနှင်နေတယ်လို့ သတိထားရမှာပါပဲ။ တချို့ပြောကြတယ် သားတွေချည်းပဲ (၇) ယောက်မွေးလျှင် အဲဒီ မိခင်က မြတ်တယ်တဲ့။ ပုံသေတွက်လို့ မရပါဘူးလေ။ သားတစ်ယောက်ဆိုးလိုက်တာနှင့် ရှာထားသမျှ ရက်ပိုင်းနှင့်သာကုန်သွားမယ်။ ဒုက္ခ အမျိုးစုံပေးနိုင်တယ်။ အင်မတန်ထိန်းသိမ်းရခက်တာ သားယောကျာ်းလေးပါ။ မိန်းကလေးဆိုတာကတော့ အရင်ဘဝတွေက ြပြုခဲ့တဲ့ကံကြောင့် ယောကျာ်းလေးထက် ဘုန်းကံ နိမ့်ပြီး မိန်းကလေး ဘဝ ရုပ် နာမ်ကိုရခဲ့တာဖြစ်တယ်ပေါ့လေ။ တရားထူးရရှိနိုင်တဲ့ ပဋိသန္ဓေဖြင့်မွေးဖွားခဲ့မယ်။ ကြိုးစားအားထုတ်မှု မှန်ကန်မယ်ဆိုလျှင် ဒီဘဝမှာပဲ တရားထူးတရားမြတ်ကို ရရှိသွားနိုင်တာပဲလေ။ အဓိကပြောလိုတာကတော့ သမီးမွေးလည်း အကောင်းဘက်ကတွေးသင့်တယ်။ သားမွေးလည်း အကောင်းဘက်ကတွေးသင့်တယ်။ သားရတနာ သမီးရတနာဆိုတာကတော့ လက်ရှိဘဝမှာ သူတို့လေးတွေရဲ့ လုပ်ဆောင်နေမှုနဲ့ပဲ လက်တွေ့ကျကျ ဆုံးဖြတ်မှ မှန်ကန်မယ်ပေါ့လေ။ ကျနော်ကတော့ သားလေးနှင့်သမီးလေး အမှန်တကယ် ရတနာလေးတွေဖြစ်ဖို့ ချော့တစ်ခါ ခြောက်တစ်လှည့်နှင့် အတ္တမပါသော မိဘမေတ္တာအစစ်အမှန်ကိုသာ ပေးအပ်ခဲ့ပါတယ်။ ကျန်တာကတော့သူတို့လေးတွေ အပိုင်းပဲပေါ့လေ။ အားလုံး တရားထူးတရားမြတ်ရရှိပါစေခင်ဗျာ<br> Your new digest 50

Post a Comment

Previous Post Next Post