စပိန်ကို၂-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုးလုံးသွင်းယူခဲ့ပြီး နိုင်ငံအသင်းကိုအုပ်စုထိပ်ပို့ပေးလိုက်တဲ့ တိုမီနေး
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် စကော့မက်တိုမီနေးဟာ စပိန်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးစလုံးသွင်းယူပေးခဲ့ပြီး စကော့တလန်အသင်းကို ယူရို 2024 ခြေစစ်ပွဲအုပ်စုထိပ်မှာ ဦးဆောင်နိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ် ။
စကော့တလန်ဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ တိုမီနေးရဲ့ ရပ်တန့်လို့မရတဲ့ ခြေစွမ်းနဲ့ စပိန်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီပွဲကြောင့် စပိန်ဟာ ယူရိုခြေစစ်ပွဲနောက်ဆုံး ၃၈ ပွဲမှာ တစ်ပွဲသာရှုံးထားပြီး ၂၀၀၆ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နှစ်ပွဲသာ ရှုံးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စကော့တလန်ဟာ စပိန်ကို ၁၉၈၄ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မက်တိုမီနေးဟာ စနေနေ့က ဆိုက်ပရပ်စ်နဲ့ပွဲမှာ နောက်ဆုံး မိနစ် ၂၀ ကျော်သာ ကစားခဲ့ရပေမယ့် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး 3-0 ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
တိုမီနေးဟာ ပွဲချိန် ၇မိနစ်အရောက်ာက်မှာ စပိန်ခံစစ်မှူး ပီဒရိုပိုရိုရဲ့အမှားကနေတဆင့် ရော်ဘတ်ဆန်ရဲ့ဖန်တီးပေးပို့မှုကို ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပြီး ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း တိုမီးနေးအတွက် နောက်တစ်ဂိုးသွင်းယူနိုင်ဖို့အတွက် အချိန်အများကြီး မလိုခဲ့ပါဘူး။ ပွဲချိန် ၅၁မိနစ်မှာ အသင်းဖော် တီယာနေးရဲ့ ဖြတ်တင်ပေးပို့မှုကို စပိန်နောက်တန်းတွေ ရှင်းထုတ်ခဲ့ပေမယ့် လျင်မြန်လွန်းပြီး အကွက်မြင်တဲ့ တိုမီနေးရဲ့ ကန်သွင်းမှုကိုတော့ မတားဆီးနိုင်ခဲ့ပဲ ၂-၀ ဆိုတဲ့ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား တိုမီနေးကို ရောင်းချဖို့စီစဉ်နေပေမယ့် သူ့ရဲ့နိုင်ငံအသင်းမှာ ခြေစွမ်းပြမှုတွေကြောင့် နည်းပြအဲရစ်တန်ဟက်ရဲ့အာရုံစိုက်မှုကို ရရှိပြီး စာချုပ်သက်တမ်းတိုးလာနိုင်ပါတယ်။
Your new digest 50
Post a Comment