ဒီနေ့ပွဲစဉ်မှာတော့ မန်ယူအသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ဝက်ဟော့၊ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊အန်တိုနီ တို့ကိုထားကာ ကွင်းလယ်မှာတော့ဖရက်ဒ်၊ကတ်ဆီမီရို ရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ လုခ်ရှော၊မာတီးနက်ဇ်၊ဗာရန်း၊ဝမ်ဘစ်ဆာကာတို့နဲ့ ခင်းကျင်းလာ ခဲ့တာဖြစ်ပါတယ်။
ပဲလေ့စ်အသင်းကလည်း ၄-၂-၃-၁ ကစားကွက်နဲ့ဘဲ ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ အီဒဝတ်၊ အာယော၊အိုလီစီ၊ရှလပ်တို့ကိုထားကာ ကွင်းလယ်မှာတော့ ဟူဂတ်၊ဒိုကိုရီတို့ရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ ကလိုင်း၊ရစ်ချက်၊ဂူဟီ၊မစ်ချဲလ်တို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။
ပထမပိုင်းမှာတော့ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ခြေအသာနဲ့ ပွဲကိုစိုးမိုးကစားထားနိုင်ခဲ့တာဖြစ်ပါ တယ်။ ပွဲစပြီး ၇ မိနစ်မကြာမှာတော့ မန်ယူအသင်းက ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး အဲဒီဂိုးကတော့ ဖာနန်ဒက်စ် က မှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာလည်း မန်ယူအသင်းရဲ့ဂိုးရရှိအောင် ကြိုးပမ်းမှုကိုတော့ ပဲလေ့စ်ဂိုးသမားက ဟန့်တား ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာလည်း ရက်ရှ်ဖို့ဒ် ရဲ့ ဂိုးပေါက်ကန်သွင်းမှုကိုလည်း ပဲလေ့စ်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။
၃၅ မိနစ်မှာတော့ ဖရက်ဒ်ရဲ့ဂိုးပေါက် ကန်သွင်းမှုက ပဲလေ့စ်အသင်း ဂိုးတိုင်ဘေးကနေချော်ထွက်သွားခဲ့ ပါတယ်။ ပထမပိုင်းမန်ယူအသင်းအနေနဲ့ ဂိုး ပေါက်ကန်သွင်းမှုပေါင်း ၁၂ ကြိမ်အထိပြုလုပ်ခဲ့ပေမယ့် ဂိုးဝင်ခြင်းတော့မရှိတာကြောင့် အစောပိုင်းပင်နယ်တီဂိုး ၁ဂိုးနဲ့သာ ပထမပိုင်းမှာတော့ ၁-၀ ဂိုးနဲ့သာပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းစတင်ချိန်ကတည်းက မန်ယူအသင်းက ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်က ပဲလေ့စ်အသင်းဂိုးပေါက်ကိုအသာအယာကန်သွင်းယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းဒုတိယ မြောက်ဂိုးရရှိသွားခဲ့ပါတယ်။
ပွဲချိန် ၆၅မိနစ်မှာတော့ နှစ်ဖက်အသင်းကစားသမားတွေရဲ့ တစ်ဦးနဲ့တစ်ဦးတွန်းထိုးကာ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့မှုတွေနဲ့ပတ်သက်ပြီး VAR ပြန်ကြည့်ပြီးတဲ့နောက် ကတ်ဆီမီရိုက ပဲလေ့စ်ကစားသမား ဟူဂတ်စ်ရဲ့လည်ပင်းကိုညစ်ခဲ့တာကြောင့် အနီကတ်အပြခံခဲ့ရပါတယ်။ မန်ယူအသင်းက တစ်ယောက်လျော့သွားပြီးတဲ့နောက် ပဲလေ့စ်အသင်းက ပွဲကိုအ နည်းငယ်ဖိအား ပေးကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၇၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ပဲလေ့စ်ကစားသမာရှလပ်က ပိတ်သွင်းယူခဲ့တာကြောင့် ပဲလေ့စ်အသင်း ချေပဂိုး တစ်ဂိုးရရှိသွားခဲ့ပါတယ်။ ပွဲချိန်မိနစ် ၈၀ မှာတော့ ပဲလေ့စ်အသင်းကဂိုးရဖို့ အပြင်းအထန်ထိုးဖောက်မှုကို မန်ယူ အသင်းက ခက်ခက်ခဲခဲကာကွယ်ခဲ့ရပါတယ်။
လက်ကျန်မိနစ်တွေမှာတော့ မန်ယူအသင်းအနေနဲ့ ပဲလေ့စ်အ သင်းရဲ့ထိုးဖောက်မှုတွေကိုခက်ခက်ခဲခဲကာကွယ်ရင်း ပွဲအပြီးမှာတော့ ၂-၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
Your new digest 50
Post a Comment