ပရီးမီးယားလိဂ်ရဲ့ စံချိန်တချို့ကို ပြောင်းလဲခဲ့တဲ့ မန်ယူရဲ့ အခရာကျသူ တစ်ဦး

ဘရူနိုဟာ မန်ယူနိုက်တဒ်ကို ကြီးမားတဲ့ အပြောင်းလဲတွေ ပြုလုပ်နိုင်ခဲ့သလို အသင်းရဲ့အရေးပါတဲ့ ကာလရှည်ကြာတင်ထားခဲ့တဲ့ စံချိန်တစ်ချို့ကိုလည်း ပြောင်းလဲနိုင်ခဲ့သူဖြစ်ပါတယ်။

အသင်းကို ရောက်ရှိပြီး(၃)ရာသီအတွင်း (၁၅၅)ပွဲကစားပြီး ဂိုးနဲ့ဖန်တီးမှု အကြိမ်(၁၀၀) အထိ ပါဝင်ပက်သက်ခဲ့တဲ့ ဘရူနို ဟာ ပရီးမီးယားလိဂ် ရဲ့ စံချိန်များစွာကိုလည်း ချိုးဖြတ်ခဲ့ပါသေးတယ်။

ဘရူနိုဟာ မန်ယူနိုက်တဒ် ကို ရောက်ရှိချိန်ကစလို့ အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူပေးခဲ့သလို အဆင့်(၃-၂) အထိ တိုးစေခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ နဲ့ ပြည်တွင်းလိဂ်ဖလားပွဲတွေမှာ ဆီမီးဖိုင်နယ်၊ကွာတားဖိုင်နယ် တွေအထိ တက်လှမ်းခဲ့ရာမှာ အခရာကျခဲ့သူလည်းဖြစ်ပါတယ်။

ဘရူနိုက ယူနိုက်တဒ်ကို ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရာသီတစ်ခုအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူ အဖြစ် စံချိန်တင်ထားတဲ့ လမ်းပတ် (၂၇)ဂိုး ရဲ့ စံချိန် ကို ပထမရာသီမှာပဲ (၂၈)ဂိုးနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ လမ်းပတ်ရဲ့ ကလင်ဒါနှစ်တစ်နှစ်အတွင်း ဂိုးနဲ့ဖန်တီးမှုအများဆုံးရယူခဲ့တဲ့ စံချိန်ဖြစ်တဲ့ (၂၉)ဂိုးကိုလည်း (၃၂)ဂိုးနဲ့ကျော်ဖြတ်ခဲ့ပါသေးတယ်။ လမ်းပတ်ရဲ့ ရိုက်ချိုးရန်ခက်ခဲလှတဲ့ ဘောလုံးရာသီတစ်ခုအတွင်း ဂိုးနဲ့ဖန်တီးမှုအများဆုံးရရှိခဲ့တဲ့ စံချိန်ဖြစ်တဲ့ (၄၅)ဂိုးကို ဘရူနိုက (၄၆)ဂိုး နဲ့ ကျော်ဖြတ်ခဲ့ပြီး သူဟာ စံချိန်များရှင် ဖြစ်လာခဲ့ပါတယ်။

ဘရူနို ရဲ့ စံချိန်တွေဟာ ရပ်တံ့သွားခြင်းမရှိပဲ လိဂ်ထိပ်သီး ကစားသမားတွေ ရဲ့ တင်ရှိပြီးသား စံချိန်တွေကို ထပ်မံချိုးဖျတ်ခဲ့ပါသေးတယ်။ ဘရူနို က ကလင်ဒါနှစ်တစ်နှစ်အတွင်း POTM အများဆုံးရထားတဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်း (၃)ကြိမ် ကို (၄)ကြိမ်ရယူကာကျော်ဖြတ်ခဲ့ပြန်ပါတယ်။

တဆက်ထဲမှာပဲ ကွင်းလယ်တိုက်စစ်ကစားသမားလို့ ပြောလိုက်ရင် သေချာပေါက် ထိပ်နားမှာရှိနေမယ့် မီဆွတ်အိုဇေးလ် ရဲ့ ပထမ(၂၉)ပွဲအတွက် (၁၃)ဂိုး ဖန်တီးခဲ့တဲ့ စံချိန်ကို (၁၄)ဂိုးဖန်တီးကာ ကျော်ဖြတ်ပြခဲ့ပါသေးတယ်။

ဘရူနို ဟာ ပရီးမီးယားလိဂ် ရဲ့ ချိူးဖြတ်ရခက်တဲ့ အထင်ကရ စံချိန်တွေကို အချိန်ခဏအတွင်းချိုးဖြတ်ပြခဲ့ပြီး လိဂ်ကိို ရောက်ရှိတာ (၃)ရာသီသာ ကြာမြင့်သေးပေမယ့် အသင်းအတွက်သာမက လိဂ် ရဲ့ ထိပ်သီးကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

 

 


Your new digest 50

Post a Comment

Previous Post Next Post