တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်လိုက်သောအခါ…
တက္ကသိုလ်ဝင်တန်း မအောင်တဲ့မိန်းကလေးတစ်ယောက်ကတောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။
ကျောင်းသားတွေ နားလည်အောင်စာကို ရှင်းမပြတတ်တော့အလုပ်ထုတ်ခံလိုက်ရတယ်။
ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကိုအမေက ပွတ်သပ်ပေးရင်း“သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ရှိမှာပါ” လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။
မကြာဘူး.. အင်္ကျီစညှပ်ရာမှာနှေးကွေးလွန်းတယ် ဆိုပြီးအလုပ်ထုတ်ခံလိုက်ရပြန်တယ်။
“မကျွမ်းကျင်သေးတဲ့ အလုပ်မှာစစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။
သမီးက ဘာမှ မလုပ်ဖူးဘဲကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်” လို့အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ထုတ်ခံလိုက်ရတာချည်းပဲ။
စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲအမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာတတ်ထားတဲ့ ပညာလေးနဲ့ဆွံအ နားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။
နောက်ထပ် မသန်မစွမ်းသူတွေသုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။အခုဆိုရင် သူဟာအောင်မြင်တဲ့ သူဋ္ဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးကအိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီးနှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။
အဲတာကသူကျရှုံးနေတဲ့အချိန်၊အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့အချိန်မှာအမေက ဘာအကြောင်းကြောင့်သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ?ဆိုတာဖြစ်တယ်။
အမေရဲ့ အဖြေက ရိုးရိုးလေးပါ။
အမေက ပြောတယ်..” မြေတစ်ကွက်မှာဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ပဲပြောင်းစိုက်ကြည့်ပါ။
ပဲစိုက်လို့လဲ မဖြစ်ထွန်းရင်နေကြာ စိုက်ကြည့်ပါ။နေကြာစိုက်လို့လဲအဆံတွေ မပြည့်ခဲ့ရင်တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ပန်းပွင့်မှာတော့ သေချာတယ်။
မြေတစ်ကွက်အတွက်သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။
နောက်ဆုံးမှာအောင်အောင်မြင်မြင်နဲ့ရိတ်သိမ်းနိူင်ပါလိမ့်မယ်”အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။
မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင်အညှောင့်ပေါက်စေကြောင်းသူနားလည်လိုက်တယ်။
မြေတစ်ကွက်အတွက်သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ရှင်သန်ပေါက်ရောက် နိူင်သေးတယ်။
ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက်ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာကိုယ်တတ်စွမ်းသလောက်လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်။
Credit
တကၠသိုလ္ဝင္တန္း မေအာင္တဲ့ မိန္းကေလးတစ္ေယာက္က ေတာ႐ြာတစ္႐ြာမွာ ဆရာမသြားလုပ္လိုက္ေသာအခါ…
တကၠသိုလ္ဝင္တန္း မေအာင္တဲ့မိန္းကေလးတစ္ေယာက္ကေတာ႐ြာတစ္႐ြာမွာ ဆရာမသြားလုပ္ခဲ့တယ္။
ေက်ာင္းသားေတြ နားလည္ေအာင္စာကို ရွင္းမျပတတ္ေတာ့အလုပ္ထုတ္ခံလိုက္ရတယ္။
ပါးျပင္ေပၚ က်လာတဲ့ မ်က္ရည္ေတြကိုအေမက ပြတ္သပ္ေပးရင္း“သမီးနဲ႔ သင့္ေတာ္တဲ့ အလုပ္တစ္ခုေတာ့ရွိမွာပါ” လို႔ သူ႔ကို ႏွစ္သိမ့္ခဲ့တယ္။
အဲဒီေနာက္ သူငယ္ခ်င္းေတြနဲ႔ၿမိဳ႕ေပၚတက္ၿပီး အလုပ္သြားလုပ္ခဲ့တယ္။
မၾကာဘူး.. အက်ႌစညႇပ္ရာမွာေႏွးေကြးလြန္းတယ္ ဆိုၿပီးအလုပ္ထုတ္ခံလိုက္ရျပန္တယ္။
“မကြၽမ္းက်င္ေသးတဲ့ အလုပ္မွာစစခ်င္း ေႏွးေကြးတာ ဘာမွမျဖစ္ဘူး။
သမီးက ဘာမွ မလုပ္ဖူးဘဲေက်ာင္းပဲတက္ခဲ့လို႔ ျဖစ္လိမ့္မယ္” လို႔အေမက သူ႔ကို ႏွစ္သိမ့္ျပန္တယ္။
အလုပ္ေပါင္းစုံ သူလုပ္ခဲ့တယ္။အလုပ္တိုင္း တစ္ဝက္တစ္ပ်က္နဲ႔ထုတ္ခံလိုက္ရတာခ်ည္းပဲ။
စိတ္ပ်က္အားငယ္ၿပီး အိမ္ျပန္လာတဲ့ သူ႔ကို အေမက အျပစ္မတင္ဘဲအၿမဲႏွစ္သိမ့္ အားေပးခဲ့တယ္။
သူအသက္ ၃ဝမွာတတ္ထားတဲ့ ပညာေလးနဲ႔ဆြံအ နားမၾကားေက်ာင္းမွာ ဝင္လုပ္ခဲ့တယ္။ အဲဒီေနာက္ မသန္မစြမ္း ကေလးေတြအတြက္ ေက်ာင္းတစ္ေက်ာင္း ဖြင့္ႏိုင္ခဲ့တယ္။
ေနာက္ထပ္ မသန္မစြမ္းသူေတြသုံးစြဲႏိုင္တဲ့ ပစၥည္းေတြကို ျဖန္႔ေဝခဲ့တယ္။အခုဆိုရင္ သူဟာေအာင္ျမင္တဲ့ သူေ႒းတစ္ဦး ျဖစ္ခဲ့ပါၿပီ။
တစ္ေန႔မွာ ေအာင္ျမင္တဲ့ သမီးတစ္ဦးကအိုမင္းေနတဲ့ အေမေရွ႕မွာ ထိုင္ၿပီးႏွစ္ရွည္လၾကာ သူသိခ်င္ခဲ့တဲ့ေမးခြန္းတစ္ခုရဲ႕ အေျဖကို ေမးခဲ့တယ္။
အဲတာကသူက်ရႈံးေနတဲ့အခ်ိန္၊အနာဂတ္ေတြ မဲေမွာင္ေနတဲ့အခ်ိန္၊ေရွ႕ဆက္ဖို႔ လမ္းေတြ ေပ်ာက္ေနတဲ့အခ်ိန္မွာအေမက ဘာအေၾကာင္းေၾကာင့္သူ႔အေပၚ ယုံၾကည္မႈေတြ ရွိေနေသးသလဲ?ဆိုတာျဖစ္တယ္။
အေမရဲ႕ အေျဖက ႐ိုး႐ိုးေလးပါ။
အေမက ေျပာတယ္..” ေျမတစ္ကြက္မွာဂ်ဳံစိုက္လို႔ မျဖစ္ထြန္းရင္၊ပဲေျပာင္းစိုက္ၾကည့္ပါ။
ပဲစိုက္လို႔လဲ မျဖစ္ထြန္းရင္ေနၾကာ စိုက္ၾကည့္ပါ။ေနၾကာစိုက္လို႔လဲအဆံေတြ မျပည့္ခဲ့ရင္တစ္ျခားအပင္ ေျပာင္းစိုက္ၾကည့္ပါ။ပန္းပြင့္မွာေတာ့ ေသခ်ာတယ္။
ေျမတစ္ကြက္အတြက္သင့္ေတာ္တဲ့ ပ်ိဳးပင္တစ္ပင္ေတာ့ ရွိပါတယ္။
ေနာက္ဆုံးမွာေအာင္ေအာင္ျမင္ျမင္နဲ႔ရိတ္သိမ္းႏိူင္ပါလိမ့္မယ္”အေမ့ရဲ႕ စကားကိုၾကားေတာ့ သူငိုမိတယ္။
မိခင္ရဲ႕ ေမတၱာ၊ ယုံၾကည္မႈနဲ႔ အားေပးမႈေတြက မ်ိဳးမသန္တဲ့ ပ်ိဳးတစ္ပင္ကိုေတာင္အေညႇာင့္ေပါက္ေစေၾကာင္းသူနားလည္လိုက္တယ္။
ေျမတစ္ကြက္အတြက္သင့္ေတာ္တဲ့ ပ်ိဳးတစ္ပင္ေတာ့ ရွိပါတယ္။ပူျပင္းေျခာက္ေသြ႕တဲ့ သဲကႏၲာရမွာရွားေစာင္းပင္ေတြေတာင္ လွပတဲ့အပြင့္နဲ႔ရွင္သန္ေပါက္ေရာက္ ႏိူင္ေသးတယ္။
ဘယ္ေနရာ၊ ဘယ္ေဒသပဲ ေရာက္ေရာက္ကိုယ္နဲ႔သင့္ေတာ္တဲ့ ေနရာတစ္ခုေတာ့ ရွိပါတယ္။ သင့္ေတာ္တဲ့ ေနရာမွာကိုယ္တတ္စြမ္းသေလာက္လွပတဲ့ အပြင့္ေတြကို ဖူးပြင့္ၾကရေအာင္။
Credit
The post တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်လိုက်သောအခါ… appeared first on MM Daily Life.
Your new digest 50
Post a Comment