25 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကွင်းလယ်လူထုတ်ပုံအတွက် ခေါင်းကိုက်လာခဲ့ပြီဖြစ်ကြောင်း ဝန်ခံသွားခဲ့ပြီး တဖြည်းဖြည်းနဲ့ ဖန်တီးမှုကောင်းတွေကို ပြသလာနိုင်တဲ့ ပေါ်တူဂီသား ဖာဘီယို ဗီယာရာကို ပွဲထွက်နေရာပေးဖို့အတွက် စဉ်းစားနေရပြီ ဖြစ်သလို ဂရာနစ် ချာကာနဲ့ အပြောင်းအလဲလုပ်သွားရဖွယ်ရှိနေ။

– လက်စတာစီးတီးအသင်းနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်ကို ကွင်းလယ်လူ သောမတ်စ် ပါတေး ပြန်လည်ပါဝင်လာနိုင်တယ်လို့ နည်းပြ အာတီတာက အင်တာဗျူးမှာ အဖြေပေးလိုက်ပြီး ဒီရာသီမှာ ဒဏ်ရာတွေနဲ့ နပမ်းလုံးနေရတဲ့ တောင်ပံကစားသမား အီမီးလ် စမစ်ရိုးကိုလည်း အရန်ခုံမှာ ထည့်သွင်းလာမယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ ကင်းပါဝါကွင်းမှာ သွားရောက်ကစားမယ့် လက်စတာစီးတီးနဲ့ ပွဲစဉ်မှာ နည်းပြ အာတီတာအနေနဲ့ ပြီးခဲ့တဲ့ ပွဲက လူစာရင်းထဲက ကစာသမားအများစုကိုပဲ ဆက်လက်သုံးစွဲသွားဖွယ်ရှိနေပြီး မာတီနယ်လီကို ပွဲထွက်ခိုင်းနိုင်သလို ကွင်းလယ်မှာ ဂျော်ဂျင်ညိုနဲ့ အထိုင်ချမှာဖြစ်ပြီး ဖာဘီယို ဗီယာရာနဲ့ သောမတ်စ် ပါတေးတို့ကိုတော့ အရန်ခုံမှာ ပွဲအခြေအနေအပေါ် မူတည်ပြီး အသုံးပြုဖွယ်ရှိနေ။

– ညာတောင်ပံမှာ ခြေစွမ်းပြသနေတဲ့ လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာအနေနဲ့ သူ့ရဲ့ ကစားသမားဘဝကို အန္တရာယ်ကင်းကင်းနဲ့ ဆက်လက် ခြေစွမ်းပြနိုင်ဖို့ ကြမ်းတမ်းတဲ့ တစ်ဖက်နောက်ခံလူတွေဆီကနေ ဒဏ်ရာမရစေဖို့ ဒိုင်လူကြီးတွေက မကာကွယ်ပေးခင် ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ရမှာဖြစ်ကြောင်း နည်းပြ အာတီတာက အကြံပေးသွား။

– မာဆေးလ်အသင်းမှာ ခြေစွမ်းပြသနေပြီး အငှားကစားသမားဘဝက အောင်မြင်ခဲ့တယ်လို့ အကဲဖြတ်နိုင်ခဲ့ပြီဖြစ်တဲ့ နူနို တာဗာရက်စ်က ရာသီကုန်ရင် အာဆင်နယ်ကို ပြန်ဦးမယ်လို့ အတည်ပြုလိုက်ပြီး သူ့ရဲ့ တောင်ပံတိုက်စစ်ဆန်လွန်းတဲ့ ပုံစံအရ အမ်းမရိတ်မှာ ပွဲထွက်ဖို့တော့ ဖြစ်နိုင်ခြေနည်းနေလို့ ရောင်းချခံရဖို့ပဲ များနေတယ်လို့ ပရိသတ်တွေ ထင်ကြေးပေးနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်ကို ခေါ်ယူရင် အနှောင့်အယှက်ပေးနိုင်မယ့် အသင်းမျိုး ရှိမနေဘူးလို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပြီး အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူအနေနဲ့ မြောက်လန်ဒန်မှာ ကစားဖို့ အလိုရှိနေ။

– ဘောလုံးဈေးကွက် ကျွမ်းကျင်သူ ဂျာနယ်လစ် ကီရန် မက်ဂွိုင်းယားက အာဆင်နယ်အသင်းသာ ဒီရာသီမှာ ပုံစံကောင်းကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ရာသီကုန်မှာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်နဲ့ ဝင်ငွေရရှိမှုမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကို ပခုံးချင်းယှဉ်လာနိုင်မယ်လို့ ခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post