ကမ္ဘာ့အသက်ငယ်ဆုံး နိုင်ငံတကာအသိအမှတ်ပြု ပရော်ဖက်ရှင်နယ် စာရင်းကိုင်ဖြစ်လာတဲ့ ဆယ်ကျော်သက်ကောင်လေး

လက်ရှ်မာနန် မာယာပန် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပရော်ဖက်ရှင်နယ်စာရင်းကိုင်အရည်အချင်းပြည့်မီသွားခဲ့ပါပြ။ သူဟာ ကမ္ဘာ့အသက်ငယ်ဆုံးနိုင်ငံတကာအသိအမှတ်ပြု ပရော်ဖက်ရှင်နယ်အမျိုးသားစာရင်းကိုင်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အသိအမှတ်ပြုထားပါတယ်။ သူဟာ အသက် ၁၆ နှစ်နဲ့ ၁၄၁ ရက်အရွယ်မှာ ဒီစံချိန်ကို ဒူဘိုင်းမှာ ရရှိခဲ့တာပါ။

သူ ဘဏ္ဍာရေးနယ်ပယ်ကို စပြီး စိတ်ဝင်စားခဲ့တာက Class 110 board စာမေးပွဲတွေပြီးမြောက်ပြီးနောက် မကြာခင် ကိုဗစ်ကပ်ရောဂါအတွင်းဖြစ်ပါတယ်။ သူ့အမေကလည်း စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို ကိုဗစ်ကာလအတွင်း အခြေခံစာရင်းကိုင်သဘောတရားတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူကိုယ်တိုင် စာရင်းကိုင်နဲ့ပတ်သက်ပြီး အရည်အချင်းစစ်စာမေးပွဲဝင်ဖြေဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ အသက် ၁၅ နှစ်မှာ ACCA နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်အတွက် စတင်လေ့လာခဲ့ပြီး ၁ နှစ်အတွင်း ပြီးမြောက်ခဲ့ပါတယ်။

သူဟာ အဆင့်အမြင့်ဆုံးနှင့် နိုင်ငံတကာက အသိအမှတ်ပြုသော ဘဏ္ဍာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ် CFA charter ကို ရရှိခဲ့ပြီး လက်ရှိမှာတော့ ဘဏ္ဍာရေးဘာသာရပ်နဲ့ MSc တက်နေပါတယ်။ ဒူဘိုင်းရှိ Century Financial မှာလည်း Senior Research Analyst တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။

Ref: 16-Year-Old Lakshmanan Meyyappan Becomes World’s Youngest Chartered Accountant

WL (ရိုးရာလေး) 

The post ကမ္ဘာ့အသက်ငယ်ဆုံး နိုင်ငံတကာအသိအမှတ်ပြု ပရော်ဖက်ရှင်နယ် စာရင်းကိုင်ဖြစ်လာတဲ့ ဆယ်ကျော်သက်ကောင်လေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post