ကလေးငယ်တစ်ဦးကို လှိုင်းလုံးကြီးတွေကြားကနေ အသက်ကယ်တင်ပေးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ကယ်ဆယ်ရေးသမား (Lifeguard) ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ တွေ့ဆုံဂုဏ်ပြုခဲ့ပါတယ်။
ရိုက်ဒါဝီလျံ (Ryder Williams)ဟာ ဇူလိုင်လ ၂၅ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာခရုဇ် (Santa Cruz) မြို့မှာ လှိုင်းလုံးကြီးတွေကြားကနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ် နေသန်နီရယ်ရိုင်း (Nathaniel Rai) ကို ကယ်တင်ခဲ့တာဖြစ်ပြီး ဒီရုပ်သံမှတ်တမ်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူဟာ ကယ်ဆယ်ရေးသမားအဖြစ် ပထမဆုံး အလုပ်စလုပ်တဲ့ နှစ်မှာပဲ အခုလို ရဲစွမ်းသတ္တိရှိရှိနဲ့ အသက်ကယ်တင်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့ မွန်းလွဲပိုင်းမှာတော့ ဒေါ်နယ်ထရမ့်က ရိုက်ဒါဝီလျံကို အိမ်ဖြူတော်ရှိ ဘဲဥပုံသမ္မတရုံးခန်း (Oval Office) မှာ တွေ့ဆုံခဲ့ပါတယ်။ ” မင်းလုပ်ခဲ့တာ တကယ်ကို အံ့အားသင့်စရာပဲ။ အဲဒီဗီဒီယိုကို စတွေ့တော့ နောက်တစ်ခေါက် ကြည့်ချင်လို့ ပြန်ရစ်ခိုင်းရတယ်။ ပြီးတော့ တကယ်ဖြစ်ခဲ့တာလားလို့လည်း မေးခဲ့မိသေးတယ် ” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ကယ်ဆယ်ခံရတဲ့ ကလေးငယ် နေသန်နီရယ်ရိုင်းကိုလည်း ဒေါ်နယ်ထရမ့်က ဆက်လက်တွေ့ဆုံခဲ့ပြီး ” အဲဒီနေ့က တာဝန်ကျတဲ့သူက ငါ မဟုတ်လို့ မင်းကံကောင်းသွားတာ ” လို့ ကျီစယ်ခဲ့ပါတယ်။
ရေကူးကယ်ဆယ်ရေးသမား ဝီလျံကတော့ သူ့လုပ်ရပ်ဟာ တခြားသူတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။
Ref: Teen lifeguard, who saved child from dangerous surf, meets with Trump
NZ (ရိုးရာလေး)
The post လှိုင်းလုံးကြီးတွေကြားမှ အသက်ကယ်ပေးခဲ့တဲ့ ကယ်ဆယ်ရေးသမားလေးကို ဒေါ်နယ်ထရမ့် တွေ့ဆုံဂုဏ်ပြု appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment