ဆရာဝန်မကြီးပေးတဲ့ လက်ဆောင်ကြောင့် ကင်ဆာရောဂါကို အနိုင်ယူနိုင်ခဲ့တဲ့ ကျောင်းသားလေး

အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေး ဒိုင်လန်ဟာ အဆင့် ၄ ကျောက်ကပ်ကင်ဆာကြောင့် အသက်ရှင်ဖို့ ၈ လပဲ အချိန်ကျန်တော့တယ်လို့ ဆရာဝန်တွေက သတ်မှတ်ခဲ့ပေမဲ့ အခုအခါမှာတော့ ကင်ဆာရောဂါ ပျောက်ကင်းပြီး အထက်တန်းကျောင်းလည်း အောင်မြင်သွားခဲ့ပါပြီ။

ဒါဟာ ဆေးဝါးကြောင့်သာ မဟုတ်ဘဲ ဆရာဝန်မကြီး မေရီအော်စတင် (Dr. Mary Austin) ရဲ့ မျှော်လင့်ချက်ပေးနိုင်စွမ်းကြောင့် ဖြစ်တယ်လို့ ဒိုင်လန်ရဲ့ မိသားစုက ယုံကြည်ထားကြပါတယ်။

၂၀၂၂ ခုနှစ်က စတင်ပြီး ၅၂ ပတ်ကြာ ဓာတုကုထုံးနဲ့ ကုသမှု ခံယူခဲ့စဉ်ကာလတစ်လျှောက် မေရီအော်စတင်က ဒိုင်လန်ကို သားအရင်းတစ်ယောက်လို ဆက်ဆံခဲ့ပြီး သူ့ရဲ့ သံသယစိတ်တွေကိုလည်း လျော့ပါးစေခဲ့ပါတယ်။ “မင်းသာ ကင်ဆာကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ရင် မင်းရဲ့ ကျောင်းဆင်းပွဲကို ငါ လာခဲ့မယ်” လို့ ကတိပေးခဲ့တဲ့ စကားကြောင့် ဒိုင်လန်ဟာ မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန်အား ပိုအားကောင်းစေခဲ့တာပါ။

မေရီအော်စတင်ဟာ ကန်းဆက်မြို့ကနေ မိုင် ၁၅၀၀ ကွာဝေးတဲ့ ဆီယက်တယ်မြို့ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပေမဲ့ သူ့ကတိအတိုင်း ဒိုင်လန်ရဲ့ အထက်တန်းကျောင်းဆင်းပွဲကို မပျက်မကွက် လာရောက်ခဲ့ပြီး ဒိုင်လန်ကို အံ့အားသင့်စေခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ”အသက်ရှင်သန်ရေး တိုက်ပွဲဝင်နေရသူတစ်ဦးအတွက် အကောင်းဆုံးလက်ဆောင်ဟာ မျှော်လင့်ချက်ဖြစ်တယ်ဆိုတာ” မေရီအော်စတင်က လက်တွေ့ပြသနိုင်ခဲ့ပါတယ်။

Ref: He Had Stage 4 Cancer, But His Doctor Gave Him Hope. And It Changed Everything

NZ (ရိုးရာလေး)

The post ဆရာဝန်မကြီးပေးတဲ့ လက်ဆောင်ကြောင့် ကင်ဆာရောဂါကို အနိုင်ယူနိုင်ခဲ့တဲ့ ကျောင်းသားလေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post