သေရွာမှ ၇ ကြိမ်တိုင်တိုင် ပြန်လာနိုင်ခဲ့သူ (သို့မဟုတ်) ဖရန့်ဆီလက်

”သေရွာပြန်”လို့ ကျော်ကြားတဲ့ ခရိုအေးရှား ဂီတဆရာ ဖရန့်ဆီလက်ဟာ သေဘေးနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့သူပါ။

သူဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်ကြားကာလအတွင်း ရထားလမ်းချော်ပြီး မြစ်ထဲ ထိုးကျတာ၊ လေယာဉ်ပေါ်မှ ပြုတ်ကျတာ၊ ဘတ်စ်ကား လမ်းချော်ပြီး မြစ်ထဲ ထိုးကျတာ၊ ကားမီးလောင်တာ၊ ဘတ်စ်ကား တိုက်ခံရတာ၊ တောင်စောင်းပေါ်ကနေ ကားပြုတ်ကျတာ အစရှိတဲ့ သေဘေး ၇ ကြိမ် ကြုံခဲ့ပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့သူပါ။ ဒါကြောင့်လည်း သူ့ကို သေရွာမှ ၇ ကြိမ် ပြန်လာသူလို့ ခေါ်ကြပါတယ်။

ဖရန့်ဆီလက်ရဲ့ ကံကြမ္မာဟာ အဆိုးတွေချည်းပဲတော့ မဟုတ်ခဲ့ပါဘူး။ သေဘေးနဲ့ အကြိမ်ကြိမ် ကြုံခဲ့ရပြီးနောက်မှာတော့ ဒေါ်လာ ၁ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပြီး နေရာသစ်ကို ရွှေ့ပြောင်းကာ အိမ်ထောင်သစ် ထူထောင်ခဲ့ပါတယ်။ သေဘေး အကြိမ်ကြိမ်ကြုံခဲ့ပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဖရန့်ဆီလက်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာတော့ လူကြီးရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်အရွယ် ရှိပါပြီ။

Ref: Frano Selak

NZ (ရိုးရာလေး)

The post သေရွာမှ ၇ ကြိမ်တိုင်တိုင် ပြန်လာနိုင်ခဲ့သူ (သို့မဟုတ်) ဖရန့်ဆီလက် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post