ကမ္ဘာကျော်ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရုပ်ရှင်ရဲ့နောက်ဆက်တွဲကို မကြာခင်ရိုက်ကူးနိုင်ဖွယ်ရှိ

ကမ္ဘာကျော်ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့အတ္တုပတ္တိရုပ်ရှင်ရဲ့ ဒုတိယတွဲကို ဒီနှစ် (ဒါမှမဟုတ်) နောက်နှစ်မှာ စတင်ရိုက်ကူးဖို့များပါတယ်။ မိုက်ကယ်ဂျက်ဆင်အဖြစ် တူဖြစ်သူ ဂျာဖာ ဂျက်ဆင်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက မိုက်ကယ်ဂျက်ဆင်ရဲ့ အစောပိုင်းနှစ်တွေကစပြီး Off the Wal, Thriller နဲ့ Bad အပါအဝင် အယ်လ်ဘမ်တွေရဲ့အောင်မြင်မှုအထိ သူ့ရဲ့ဘဝအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ကျော်ကြားမှုအထွတ်အထိပ်ကို ရောက်ရှိနေချိန်မှာ အဆုံးသတ်ထားပါတယ်။ အခုဆို ဒီရုပ်ရှင်ရဲ့နောက်ဆက်တွဲကို ရိုက်ကူးဖို့ လုပ်ဆောင်နေပြီး မကြာခဏစတင်ရိုက်ကူးတော့မှာဖြစ်တယ်လို့ Lionsgate movie studio ရဲ့အကြီးအကဲက အတည်ပြုထားပါတယ်။

ရုပ်ရှင်ဒါရိုက်တာ အန်တိုနီကလည်း ဒုတိယမြောက်ရုပ်ရှင်အတွက် တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဖို့ လာမယ့်ရက်သတ္တပတ်တွေ့ဆုံမှုတွေမှာ ပါဝင်မှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ၁၉၉၀ ပြည်နှစ်မှာ ဖြစ်ခဲ့တဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုစွပ်စွဲချက်တွေနဲ့သက်ဆိုင်တဲ့ မြင်ကွင်းတွေကို တရားဝင်ပုံဖော်ပြသနိုင်ခြင်းတော့ရှိမှာမဟုတ်ပါဘူး။

ဒုတိယမြောက်ရုပ်ရှင်က ရှုပ်ထွေးမှာဖြစ်ပေမဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ဘဝအခိုက်အတန့်တော်တော်များများပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Sequel to Michael Jackson movie likely to go into production soon

WL (ရိုးရာလေး)

The post ကမ္ဘာကျော်ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရုပ်ရှင်ရဲ့နောက်ဆက်တွဲကို မကြာခင်ရိုက်ကူးနိုင်ဖွယ်ရှိ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post