” လူသားတိုင်း လောကဓံ ခံစားရတာချည်းပဲဆိုပေမဲ့ ကိုယ်တတ်နိုင်သမျှတော့ ကောင်းမှု လုပ်သွားမယ်”
ဒီစကားကို ပြောခဲ့သူကတော့ အိန္ဒိယနိုင်ငံမှ အစိုးရကျောင်းဆရာ ဗီဂျေးကူးမားချန်ဆိုရီယာ (Vijay Kumar Chansoria) ပါပဲ။ နှစ်ပေါင်း ၄၀ နီးပါး စာသင်ကြားခဲ့ပြီး ကျောင်းဆရာဘဝကနေ အငြိမ်းစားယူချိန်မှာ ဗီဂျေးကူးမားက သူ စုဆောင်းထားသမျှနဲ့ ပင်စင်လစာအားလုံးကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေးတွေရဲ့ ပညာရေးရန်ပုံငွေအတွက် အကုန်လှူဒါန်းခဲ့တာပါ။
ဗီဂျေးကူးမားရဲ့ ငယ်ဘဝဟာ အလွန်ဆင်းရဲခဲ့ပြီး ကျောင်းတက်ဖို့အတွက် ဆိုက်ကားနင်း၊ နွားနို့ရောင်းပြီး ပိုက်ဆံရှာခဲ့ရတာပါ။ သူဟာ ကျောင်းဆရာ ဖြစ်လာချိန်မှာတော့ နွမ်းပါးလွန်းလို့ စာမေးပွဲကြေး မသွင်းနိုင်တဲ့ ကလေးတွေ၊ အဝတ်အစား မစုံလင်ဘဲ ကျောင်းတက်နေရတဲ့ ကလေးတွေကို မြင်တဲ့အခါ တတ်နိုင်သမျှ ကူညီပေးလေ့ ရှိပါတယ်။ ကျောင်းဆရာဘဝကနေ အငြိမ်းစားယူတဲ့နေ့မှာတော့ ဗီဂျေးကူးမားက သူ့ရဲ့ စုဆောင်းငွေနဲ့ ပင်စင်လစာ စုစုပေါင်း ရူပီး သိန်း ၄၀ ကို နွမ်းပါးကလေးများ ပညာရေးရန်ပုံငွေအဖြစ် လှူဒါန်းလိုက်ကြောင်း အံ့အားသင့်ဖွယ် ကြေညာခဲ့တာပါ။
ဒီလိုလှူဒါန်းဖို့ ဆုံးဖြတ်ချက်ကို ဆရာကြီးရဲ့ ဇနီးနဲ့ သားသမီးတွေကပါ ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ကြတာပါ။ “ကျွန်တော့်သားသမီးတွေလည်း အခြေတကျဖြစ်ကုန်ပြီမို့ ဒီပိုက်ဆံတွေကို ကျွန်တော့်လို ခက်ခဲခဲ့တဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် သုံးပါရစေ” လို့ ဗီဂျေးကူးမားက ဆိုပါတယ်။
ဒီအကြောင်းအရာကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက သတင်းဖြစ်ပြီး ဟောင်းပေးမဲ့ ကောင်းနေဆဲ၊ ကြည်နူးဖွယ်ရာ ဖြစ်နေဆဲမို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။
Ref: What A Madhya Pradesh Teacher Did For His Students On His Retirement
NZ (ရိုးရာလေး)
The post တစ်သက်တာစုဆောင်းငွေ အားလုံးကို လှူဒါန်းခဲ့တဲ့ အသက် ၈၀ အရွယ် အငြိမ်းစားကျောင်းဆရာကြီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment