မျက်ကပ်မှန်တပ်ပြီး ရေချိုးမိလိုက်လို့ မျက်စိကွယ်သွားခဲ့ရတဲ့ အသက် ၂၀ အရွယ်မိန်းကလေး

အသက် ၂၀ အရွယ် ဂရေး ဂျမီဆန်ဆိုတဲ့ မိန်းကလေးဟာ မျက်ကပ်မှန်တပ်ကြတဲ့သူတိုင်းအတွက် အသိပညာပေးတဲ့အနေနဲ့ သူ့ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကို မျှဝေခဲ့ပါတယ်။ သူက ဒိုမီနီကန်သမ္မတနိုင်ငံကို ခရီးထွက်တဲ့အချိန် ရေချိုးတော့ မျက်ကပ်မှန်ဝတ်ထားခဲ့ပါတယ်။ အဲ့ဒီလုပ်ရက်က သူ့ရဲ့မျက်စိကို Acanthamoeba လို့ခေါ်တဲ့ ရေထဲမှာအများဆုံးတွေ့ရပြီး အဏုကြည့်မှန်ပြောင်းနဲ့မြင်နိုင်တဲ့ ပိုးမွှားတစ်မျိုးမျိုးနဲ့ ထိတွေ့စေခဲ့ပါတယ်။

ရက်သတ္တပတ်အကြာ အမေရိကန်နိုင်ငံပြန်ရောက်တော့ သူ့ရဲ့မျက်စိမှာ လက္ခဏာတွေပြလာခဲ့ပါတယ်။ သူ့ရဲ့ဒီအခြေအနေကို မျက်စိအထူးကုဆရာဝန်တစ်ဦးက မှားယွင်းစွာရောဂါရှာဖွေခဲ့ပြီး စတီးရွိုက်ဆေးတွေညွှန်ပေးခဲ့ပါတယ်။ ဒီဆေးဝါးတွေက ရောဂါပိုးကို ပိုဆိုးစေခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာပဲ Acanthamoeba Keratitis ရောဂါကြောင့် သူ့ရဲ့အမြင်အာရုံဆုံးရှုံးသွားခဲ့ပါတယ်။ မှန်ကန်တဲ့ရောဂါရှာဖွေတွေ့ရှိမှုနဲ့ သင့်လျော်တဲ့ကုသမှုမခံယူခင် ၂ လနီးပါး မျက်စိကွယ်နေခဲ့ပါတယ်။

သူ့ရဲ့မျက်စိအမြင်အာရုံထိခိုက်မှုက ရောဂါပိုးကူးစက်ခံရလို့ ပြင်းထန်တဲ့ရောင်ရမ်းမှုတုံ့ပြန်မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုကြုံတွေ့ခဲ့ရပြီးကတည်းက ဂရေးဟာ သူ့ရဲ့မျက်စိပြန်လည်သကောင်းမွန်လာပုံတွေကို လူမှုကွန်ယက်ပေါ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ညာဘက်မျက်စိက မမြင်ရပါဘူး။ ရောဂါပိုးကူးစက်ခံရစဉ်က မျက်စိနှစ်ဖက်လုံးကွယ်သွားခဲ့တာပါ။ သူ့ရဲ့မျက်စိအမြင်အာရုံကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့ အနာဂတ်မှာ ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။

ဂရေးက မျက်ကပ်မှန်တွေကို ဘယ်တော့မှ ရေနဲ့မထိတွေ့မိစေဖို့ အသိပေးထားပါတယ်။ ရေချိုးတဲ့အခါ၊ ရေကူးတဲ့အခါ၊ ရေနွေးငွေ့ခန်းသုံးတဲ့အခါမျိုးတွေမှာ မျက်ကပ်မှန်တပ်တာကို ရှောင်ကြဉ်ကြဖို့ လူမှုကွန်ယက်အသုံးပြုသူတွေကို တိုက်တွန်းထားပါတယ်။ မျက်ကပ်မှန်တပ်ပြီး အိပ်စက်တာမျိုးကိုလည်းရှောင်ကြဉ်ဖို့လည်း ပြောထားပါတယ်။ ဒီလိုအပြုအမူက ယားယံခြင်းနဲ့ ရောဂါပိုးကူးစက်မှုဖြစ်နိုင်ခြေမြင့်မားတဲ့အတွက်ကြောင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Ref: A 20-Year-Old Woman Wore Contact Lenses To The Shower. She Went Blind

WL (ရိုးရာလေး)

The post မျက်ကပ်မှန်တပ်ပြီး ရေချိုးမိလိုက်လို့ မျက်စိကွယ်သွားခဲ့ရတဲ့ အသက် ၂၀ အရွယ်မိန်းကလေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post