သစ်ပင်ပေါ်ကနေ စာမေးပွဲဖြေခဲ့တဲ့ မိန်းကလေး ဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေ

အင်တာနက်လိုင်းမိအောင် သစ်ပင်ပေါ်တက်ပြီး စာမေးပွဲ ဖြေဆိုခဲ့လို့ လူသိများခဲ့တဲ့ မလေးရှားကျောင်းသူလေး ဗီဗီယိုနာမိုစီဘင်ဟာ အခုချိန်မှာတော့ ဆေးတက္ကသိုလ်မှာ ပညာသင်ကြားလျက် ရှိပါတယ်။

မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာဘားပြည်နယ်ရဲ့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ မိုစီဘင်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက အင်တာနက် လိုင်းမိအောင် သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းစာမေးပွဲဖြေဆိုခဲ့တဲ့ဖြစ်ရပ်ကို 24 Hours on a Tree ဆိုတဲ့ ရုပ်သံမှတ်တမ်း ရိုက်ကူး ဖော်ပြခဲ့တာကြောင့် လူသိများခဲ့သူပါ။

ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသမှာ အင်တာနက်လိုင်းမမိတဲ့ အခက်အခဲ ရှိပေမဲ့ မိုစီဘင်က သူ့ရဲ့ ပညာရေး ရည်မှန်းချက်ကို လက်မလျှော့ခဲ့ပါဘူး။ သူဟာ အခက်အခဲတွေကြားကနေ ပညာသင်ယူရင်း ပင်လယ်ရေကြောင်း သိပ္ပံဘာသာရပ် (Marine Science) နဲ့ ဘွဲ့ရခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ ဝါသနာပါရာ ဆေးပညာကို လေ့လာသင်ယူဖို့အတွက် Management and Science University (MSU) မှာ ပညာသင်ကြားလျက်ရှိပြီး ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်လာဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။

(မိုစီဘင်ရဲ့ ရုပ်သံမှတ်တမ်း ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကော်မရှင်က သူ့ရဲ့ရွာမှာ အင်တာနက်လိုင်းတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။)

Ref: Veveonah Mosibin

NZ (ရိုးရာလေး) 

The post သစ်ပင်ပေါ်ကနေ စာမေးပွဲဖြေခဲ့တဲ့ မိန်းကလေး ဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post