ထိပ်တန်းထိုင်းမင်းသမီးချော Baifern Pimchanok ဟာ လက်တလောမှာတော့ သူ့မန်နေဂျာ၊ ရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ ဥတ္တရအလင်းတန်းကို ကြည့်ရှုခံစားဖို့ နော်ဝေနိုင်ငံမှာ ရောက်လို့နေပါတယ်။ ထိပ်တန်းမင်းသမီးချော Yaya Urassaya လည်း နော်ဝေမှာ ရှိနေပြီး သူ့နဲ့အတူ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ Baifern က Yaya နဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်အကောင့်မှာ ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာပါ။

ဓာတ်ပုံတွေမှာ Baifern နဲ့ Yaya က အချင်းချင်း နွေးထွေးစွာ ပွေ့ဖက်ကာ ချစ်ဖို့ကောင်းနေကြပါတယ်။ Post ရဲ့ Caption မှာ Baifern က Yayaကိုရော သူ့မိခင်ကိုရော သူ့အစ်မကိုပါ ကျေးဇူးတင်စကားဆိုထားတဲ့အပြင် သူတို့နဲ့အတူ အချိန်ကုန်ဆုံးရတာ အရမ်းပျော်ရွှင်ရတယ်လို့လည်း ပြောထားပါတယ်။

ဥရောပမှာ သူတို့ပြန်လည်ဆုံစည်းကြတာက သူတို့ရဲ့လှပတဲ့သူငယ်ချင်းဆက်ဆံရေးကို ပြသရုံသာမက သူတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းမှုကို ချီးကျူးထားတဲ့ ပရိသတ်တွေရဲ့ကွန်မန့်တွေနဲ့လည်း ပြည့်လို့နေပါတယ်။

Ref: Yaya Urassaya and Baifern Pimchanok Shared A Beautiful Moment in Norway
WL (ရိုးရာလေး)
The post နော်ဝေခရီးစဉ်မှာ ပျော်ရွှင်ကြည်နူးစရာအခိုက်အတန့်တွေကို မျှဝေနေကြတဲ့ Yaya နဲ့ Baifern တို့ရဲ့သူငယ်ချင်းဆက်ဆံရေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment