၂၀၀၈ ခုနှစ်မှာ Apple ရဲ့ App Store စတင်ပေါ်ပေါက်လာပြီးနောက် စတိဗ်ရှီရာတန်လို့ အမည်ရတဲ့ developer တစ်ယောက်က ဟာသလုပ်ပြီး iBeer app ကို တီထွင်ခဲ့ပါတယ်။ ဒီ app ကို ဖွင့်လိုက်တဲ့အခါ ဖုန်းဟာ ဘီယာတစ်ခွက်ပုံစံ ဖြစ်သွားပြီး ဖုန်းကို စောင်းလိုက်ရင် ဘီယာအရည်တွေက လှုပ်ရှားပြီး ဘီယာသောက်တဲ့အသံမျိုး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ဒါဟာ ထူးခြားဆန်းသစ်တဲ့ ဖန်တီးမှုတစ်ခု မဟုတ်ဘဲ ရယ်မောစရာအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပေမဲ့ App Store မှာ ရေပန်းအစားဆုံး app တစ်ခုဖြစ်ခဲ့ပြီး download ဆွဲမှု သန်းဆယ်ချီ ရှိခဲ့ပါတယ်။ ဒီ app ရေပန်းအစားဆုံးကာလမှာ စတိဗ်ရှီရာတန်ဟာ တစ်နေ့ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကနေ ၂၀၀၀၀ ကြား ရရှိခဲ့ပြီး app ဖန်တီးပြီး သန်းကြွယ်သူဌေး ဖြစ်လာသူ စာရင်းမှာ အစောဆုံး ပါဝင်ခဲ့သူတစ်ဦးပါ။
app ဖန်တီးပြီး သန်းကြွယ်သူဌေးဖြစ်ခဲ့ပေမဲ့ ရှီရာတန်ကတော့ နည်းပညာလောကကနေ ထွက်ခွာသွားခဲ့ပြီး စပိန်နိုင်ငံမှာ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းဖို့ ရွေးချယ်ခဲ့ပါတယ်။
Ref: iBeer became one of the first viral App Store hits
NZ (ရိုးရာလေး)
The post ဟာသလုပ်ပြီး တီထွင်ခဲ့တဲ့ iBeer App ကနေ ဝင်ငွေသန်းချီ ရခဲ့သူတစ်ဦး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment