၁၉၈၀ ခုနှစ်မှာ အတိတ်မေ့သွားခဲ့တဲ့သူက ၄၅ နှစ်အကြာမှ အတိတ်ကို ပြန်သတိရခဲ့

အိန္ဒိယနိုင်ငံ၊ ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်၊ ဆာမောခရိုင်က အမျိုးသားတစ်ဦးဟာ ဆယ်ကျော်သက်အရွယ်မှာ မတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်ဆုံးရှုံးသွားပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ ၄၅ နှစ်အကြာမှာတော့ ဒုတိယအကြိမ် ခေါင်းကိုထိခိုက်မှုဖြစ်ကာ သူ့ရဲ့ငယ်ဘဝအမှတ်တရတွေကို ပြန်လည်မှတ်မိလာကာ သူ့မိသားစုနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။

ရီခီရမ် (မူလနာမည်အရင်း) ဆိုတဲ့ အဲ့ဒီအမျိုးသားက သူ အလုပ်လုပ်ခဲ့တဲ့နေရာ အမ်ဘာလာကို ယမနနာဂါကနေ ထွက်လာတဲ့အချိန်အတွင်း ပြင်းပြင်းထန်ထန်ခေါင်းကို ထိခိုက်မိခဲ့ပြီးနောက် အသက် ၁၆ နှစ်အရွယ်၊ ၁၉၈၀ ခုနှစ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ အဲ့ဒီမတော်တဆမှုက သူ့ရဲ့မှတ်ဉာဏ်တွေအကုန်လုံးကို ဆုံးရှုံးစေခဲ့ကာ သူ့နာမည်ကိုတောင် မမှတ်မိတော့ပါဘူး။ အဲ့ဒီကာလတွေတုန်းက ဖုန်းနဲ့လည်း ဆက်သွယ်လို့မရှိခဲ့တာတွေကြောင့် သူ့မိသားစုက သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။ သူ ဘာဖြစ်သွားလဲဆိုတာ မသိဘဲ သူ့မိဘတွေ သေဆုံးသွားခဲ့ပါတယ်။

သူ ဘယ်သူလဲဆိုတာ မမှတ်မိတဲ့အတွက် အခြားသူတွေက သူ့ကို ရာဗီ ချောဒါရီလို့ နာမည်ပေးခဲ့ကြပါတယ်။ နောက်တော့ မွန်ဘိုင်းမှာ ကျပန်းအလုပ်လုပ်ခဲ့ပြီး နန်ဒက်မှာ အခြေချနေထိုင်ခဲ့ကာ ကောလိပ်တစ်ခုတက်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး ကလေး ၃ ယောက်ရခဲ့ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က နောက်ထပ်ခေါင်းကို ထိခိုက်မိကာ သူ့ငယ်ဘဝက အမှတ်တရတွေ ဝိုးတိုးဝါးတားပေါ်လာခဲ့ပါတယ်။ သူ့ရွာက နေရာ‌တွေကို အိပ်မက်မက်ခဲ့ပါတော့တယ်။ သူ့မှတ်ဉာဏ်တွေက ဝိုးတိုးဝါးတားဖြစ်နေတဲ့အတွက် ကောလိပ်က သူငယ်ချင်းရဲ့အကူအညီနဲ့ အိပ်မက်ထဲက နေရာတွေကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေသတွင်းက ကော်ဖီဆိုင်ရဲ့ဖုန်းနံပါတ်ကို ရှာနိုင်ခဲ့ကာ ရူဒရာ ပရာကတ်ချ်နဲ့ ဖုန်းပြောမိပြီး ဆွေမျိုးဖြစ်သူ အမ်ကေ ချေဘီနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။

နောက်ဆုံးမှာ သူ့ရဲ့အတိတ်အကြောင်းကို သိသွားခဲ့ပါတော့တယ်။ ရာဗီက သူ့နာမည်အရင်းက ရီခီ ရမ်ဆိုတာ သိခဲ့ရပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရီခီက သူ့ဇနီး၊ ကလေးတွေနဲ့အတူ သူ့ရွာ ကို ပြန်လာခဲ့ပါတယ်။ ရွာသူရွာသားတွေက သူ့ကို ပန်းတွေနဲ့ ကြိုဆိုခဲ့ကြပြီး သူ့ရဲ့မွေးချင်းမောင်နှမတွေက သူ့ကို ပွေ့ဖက်ကာ မျက်ရည်ကျခဲ့ကာ ပျော်စရာဇာတ်သိမ်းလေးဖြစ်သွားခဲ့ပါတယ်။

Ref: Man in India loses memory at 16 after car crash, regains it 45 years later following another accident

WL ( ရိုးရာလေး)

The post ၁၉၈၀ ခုနှစ်မှာ အတိတ်မေ့သွားခဲ့တဲ့သူက ၄၅ နှစ်အကြာမှ အတိတ်ကို ပြန်သတိရခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post