ကင်ဆာအဆင့် ၄ ခံစားနေရတဲ့ အသက် ၉ နှစ်အရွယ် Influencer ဘရီ ဘာ့ဒ်က အလှမယ်ဘုရင်မအဖြစ် သရဖူဆောင်းခဲ့ပါတယ်။ Baby Miss America အလှမယ်ပြိုင်ပွဲက ဘရီ ဘာ့ဒ်ဟာ Project Princess ဆုကို ရရှိပြီးနောက် ၂၀၂၅ ခုနှစ်ရဲ့ Little Miss America Princess ဖြစ်သွားပြီလို့ ကြေညာခဲ့တာပါ။
ဘရီရဲ့မိခင်ဖြစ်သူ ကန်ဒရာက အလှမယ်သရဖူဆောင်းပြီး အလှမယ်စလွယ်ပတ်ထားတဲ့ ဘရီရဲ့ဓာတ်ပုံတွေကို တင်ပေးခဲ့ပါတယ်။ အခုအပတ်မှာ ဘရီက Little Miss America Princess သရဖူကို ဆွတ်ခူးခဲ့ပါတယ်။ မြို့တော်ဝင်လက်မှတ်ထိုးထားတဲ့ တရားဝင်ကြေညာချက်တစ်စောင်ကို လက်ခံရရှိထားပါတယ်လို့လည်း ရေးသားထားပါတယ်။

အလှမယ်အဖွဲ့အစည်းရဲ့တရားဝင်ကြေညာချက်မှာလည်း အရင်က အလှမယ်တွေဆီက ဂုဏ်ပြုစကားဆိုထားတဲ့စာတွေပါဝင်ပါတယ်။ ဘရီရဲ့မိသားစုက ဘရီရဲ့ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် အခုနှစ် ခရစ္စမတ်ကို မိသားစုနဲ့အတူ ဆင်နွှဲနိုင်ဖို့အတွက် ၂ လစောပြီး ခရစ္စမတ်ကို ဆင်နွှဲကျင်းပခဲ့ပြီးတဲ့နောက်မှာ အခုလို အလှမယ်သရဖူဆောင်းခဲ့တာဖြစ်ပါတယ်။
Ref: 9-Year-Old Influencer with Stage 4 Cancer Gets Crowned Little Miss America Princess
WL (ရိုးရာလေး)
The post Little Miss America Princess သရဖူဆောင်းခဲ့တဲ့ ကင်ဆာအဆင့် ၄ ရောဂါခံစားနေရတဲ့ ၉ နှစ်သမီးလေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment