ရှားပါးတိရစ္ဆာန်ဟိုင်းအီနာကောင်ရဲ့ခြောက်ခြားဖွယ်ရာဓာတ်ပုံက ၂၀၂၅ ခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးတောရိုင်းဓာတ်ပုံဆုရရှိ

တောင်အာဖရိကလူမျိုးဓာတ်ပုံဆရာ Wim Van den Heever ရိုက်ကူးခဲ့တဲ့ တစ္ဆေမြို့ရဲ့ အရိုးအကြွင်းအကျန်တွေကို  ဖြတ်လျှောက်သွားနေတဲ့ ရှားပါးဟိုင်းအီနာကောင်ရဲ့ဓာတ်ပုံဟာဆိုရင်  ၂၀၂၅ ခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးတောရိုင်းဓာတ်ပုံဆုကို ရရှိခဲ့ပါတယ်။ Wimက လန်ဒန်မြို့ရှိ The National History Museum ရဲ့နှစ်စဉ်ဓာတ်ပုံပြိုင်ပွဲမှာ ဒီထိပ်ဆုံးဆုကြီးကို ဆွတ်ခူးသွားခဲ့တာပါ။

အခြားအမျိုးအစားတွေမှာ အနိုင်ရခဲ့သူတွေလည်း ရှိခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ ဆုရရှိခဲ့တဲ့သူတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ Wim ရဲ့ဓာတ်ပုံဟာဆိုရင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၆၀၆၃၆ ထဲကနေ ရွေးချယ်ခံခဲ့ရတာပါ။ 

Wim ရဲ့ဆုရဓာတ်ပုံက Ghost Town Vistior လို့ အမည်ရပြီး နမီးဘီးယားနိုင်ငံရှိ ကာလကြာရှည်စွန့်ပစ်ထားတဲ့ စိန်တူးဖော်ရေးမြို့လေး Kolmanskop မှာ ရှိနေတဲ့ အညိုရောင်ဟိုင်းအီနာကောင်ကို သေချာရိုက်ကူးထားတာပါ။  Kolmanskop မြို့လေးမှာ လူတွေအစား သဲတွေအစားထိုးဝင်ရောက်လာခဲ့တဲ့ နေရာပါ။ ဒီခြောက်ခြားဖွယ်ဓာတ်ပုံကို ဆယ်စုနှစ်တစ်ခုကြာ စိတ်ရှည်စွာ ကြိုးပမ်းပြီးနောက် ကင်မရာထောင်ချောက်နည်းပညာနဲ့ ရိုက်ကူးခဲ့ပြီး တစ်ချိန်က လူသားတွေ စိုးမိုးထားတဲ့နေရာတွေကို သဘာဝတရားက တဖြည်းဖြည်းချင်း ဘယ်လိုပြန်လည်ရယူနေလဲဆိုတာကို မီးမောင်းထိုးပြထားပါတယ်။ 

အခုနှစ်ကတော့ the Wildlife Photographer of the Year competitionရဲ့ ၆၁ ကြိမ်မြောက်အထိမ်းအမှတ်ဖြစ်ပါတယ်။ အမျိုးအစား ၁၉ ခုစလုံးမှာ အနိုင်ရထားတဲ့ ဓာတ်ပုံတွေအားလုံးကို အောက်တိုဘာ ၁၇ ရက်နေ့ကစတင်ပြီး the Natural History Museum မှာ ပြသသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ဆုရရှိသူတွေနဲ့ ဓာတ်ပုံ ၁၀၀ ကို တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပညာ၊ ရုပ်ရှင်ရိုက်ကူးရေး၊ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သိပ္ပာပညာရပ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေက အမည်ဝှက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

Ref: Eerie Photo of Rare Hyena Wins Wildlife Photographer of the Year 2025 Prize

WL ( ရိုးရာလေး)

The post ရှားပါးတိရစ္ဆာန်ဟိုင်းအီနာကောင်ရဲ့ခြောက်ခြားဖွယ်ရာဓာတ်ပုံက ၂၀၂၅ ခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးတောရိုင်းဓာတ်ပုံဆုရရှိ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post