မြောက်အမေရိကတိုက်ရဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ အပါချီမျိုးနွယ်တွေဟာ သက်လုံနဲ့ ခံနိုင်ရည်ကောင်းလွန်းတယ်လို့ ကျော်ကြားပါတယ်။ တောင်တန်းတွေ၊ လျှိုမြောင်တွေ၊ ချောက်ကမ်းပါးတွေမှာ နေထိုင်လေ့ရှိတဲ့ အပါချီမျိုးနွယ်တွေဟာ တစ်နေ့ကို မိုင် ၈၀ လောက်အထိ ခရီးနှင်နိုင်ပါတယ်။ သူတို့ဟာ တစ်ခါတရံမှာ ခြေဗလာနဲ့ ဓားလှံ လက်နက်တွေကိုကိုင်၊ ရိက္ခာအနည်းငယ် သယ်ပြီး အလွန်ဝေးလံတဲ့ခရီးကို နေ့ချင်းသွားတတ်ကြပါတယ်။
အပါချီမျိုးနွယ်တွေဟာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်အနေအထားကြောင့်ရော ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်မှုကြောင့်ရော သက်လုံနဲ့ ခံနိုင်ရည် ကောင်းကြတာပါ။ အပါချီမျိုးနွယ်ဝင်တွေဟာ ယောကျာ်းလေးတွေကို ငယ်စဉ်ကတည်းက ခရီးဝေးနှင်နိုင်အောင် မြင်းနောက် ပြေးလိုက်ခိုင်းတာ၊ ကန္တာရဆူးပင်တွေ ပေါက်နေတဲ့မြေပြင်ပေါ် ပြေးခိုင်းတာမျိုးလုပ်ပြီး လေ့ကျင့်ပေးကြလေ့ရှိပါတယ်။
အပါချီမျိုးနွယ်တွေမှာ မျိုးနွယ်စုအခွဲ ၆ ခု ထပ်ခွဲထားပြီး မျိုးနွယ်စုအခွဲ တစ်ခုစီတိုင်းဟာ ကိုယ်ပိုင်ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ တည်နေရာ၊ သမိုင်းကြောင်းတွေ ရှိကြပါတယ်။
Ref: The Apache Tribe
NZ ( ရိုးရာလေး)
The post သက်လုံနဲ့ ခံနိုင်ရည်ကောင်းလွန်းတဲ့ အပါချီမျိုးနွယ်များ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment