MrJazsohanisharma

အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘွားဂျယ်ရီလီယိုဟာ ၃ မိနစ်ကြာ Plank ထောက်‌နိုင်ခဲ့

လောင်းအိုင်စလန်ကျွန်းက အသက် ၁၀၀ အရွယ် အဘွား ဂျယ်ရီလီယိုဟာဆိုရင် အသက်ကြီးနေပြီဖြစ်ပေမဲ့ အခုအချိန်ထိ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်ဆောင်နေတုန်းပါပဲ။ အဘွားဂျယ်ရီက အသက် ၁၀၀ ရှိနေပေမဲ့လည်း ၃ မိနစ်ကြာ Plank ထောက်နိုင်ပါတယ်။ သူ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့ Great South Bay YMCA မှာ Plank ထောက်ပြခဲ့တာပါ။

အဘွားဂျယ်ရီက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေဆဲပါပဲ။ The Great South Bay YMCA မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်ပြီး ၃ မိနစ်ကြာ Plank ထောက်နိုင်စွမ်းကြောင့် မကြာသေးခင်ကမှ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ကိုလည်း YMCA မှာ ဆင်နွှခဲ့တာပါ။

အဘွားဂျယ်ရီရဲ့တစ်နေ့တာလေ့ကျင့်ခန်းတွေမှာ လက်မောင်းလေ့ကျင့်ခန်း၊ ဝမ်းဗိုက်အပေါ်ပိုင်းလေ့ကျင့်ခန်း၊ Plank ထောက်တာတွေပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်တယ်လို အဘွားဂျယ်ရီက ပြောပါတယ်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက သူ့အတွက် ဘဝလမ်းစတစ်ခုလို ပြောပေမဲ့ သူဟာ တခြားသူတွေရဲ့ဘဝအပေါ် သက်ရောက်မှုဖြစ်စေခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို သူက ဆိုပါတယ်။ “ကျွန်မက အခြားသူတွေကို စိတ်ဓာတ်ခွန်အား လှုဆော်ပေးနေတယ်လို ပြောကြပါတယ်။ ကျွန်မ Work out လုပ်နေရရင် အဲ့ဒါက ကျွန်မကို အရမ်းပျော်ရွှင်စေတယ်”လို အဘွားဂျယ်ရီက ဆိုထားပါတယ်။

Ref: 100-year-old Long Island woman motivates with fitness, joy — and a perfect plank

WL (ရိုးရာလေး)

The post အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘွားဂျယ်ရီလီယိုဟာ ၃ မိနစ်ကြာ Plank ထောက်‌နိုင်ခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post