အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ အဆုတ်နှစ်ဖက်စလုံးမှာအဆုတ်ရောင်ရောဂါပိုးရှိနေပါတယ်။ ဖရန်စစ်က ရက်ပေါင်းများစွာ လေပြွန်ရောင်ရောဂါကို ခံစားခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရောမမြို့ရှိ Gemelli Hospital မှာ တက်ရောက်ခဲ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ဓာတ်ခွဲခန်းစစ်ဆေးမှုနဲ့ ဆေးစစ်တဲ့ရလဒ်တွေက ရှုပ်ထွေးနေတယ်လို့ the Holy See Press Office က ဆိုထားပါတယ်။ ကော်တီဆုန်းပဋိဇီဝဆေးကုထုံးလိုအပ်တဲ့ Polymicrobial ရောဂါပိုးကူးစက်မှုက ကုသမှုကို စိန်ခေါ်မှုဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။ CT Scan မှာတော့ အဆုတ်နှစ်ဖက်လုံးအဆုတ်ရောင်ရောဂါစတင်နေတဲ့အတွက် နောက်ထပ်ဆေးကုထုံးလိုအပ်နေတယ်ဆိုတာ ပြသနေပါတယ်။
ပုပ်ရဟန်းမင်းကြီးက စိတ်အေးချမ်းစွာနဲ့ တစ်နေ့တာကို အနားယူတာ၊ ဆုတောင်းတာ၊ စာဖတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ သူ နေကောင်းကျန်းမာဖို့ ဆုတောင်းပေးသူတွေကို ပုပ်ရဟန်းမင်းကြီးက ကျေးဇူးတင်ခဲ့ပြီး သူ့အတွက် ဆက်လက်ဆုတောင်းပေးဖို့ တောင်းဆိုထားပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာဆိုရင် အရင်ကလည်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိခဲ့ဖူးပါတယ်။ အသက် ၂၁ နှစ်မှာ အဆုတ်အတွင်း အမြှေးပါးရောင်ရမ်းခြင်းဖြစ်ခဲ့ပြီး အဆုတ်တစ်ဖက်ရဲ့အစိတ်အပိုင်းအနည်းငယ်ကို ဖယ်ရှားခဲ့ရတာပါ။
Ref: Pope Francis diagnosed with pneumonia in both lungs
NZ (ရိုးရာလေး)
The post အဆုတ်နှစ်ဖက်လုံးမှာ အဆုတ်ရောင်ရောဂါပိုးရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment