လတ်တလောဖြစ်ပွားလျက်ရှိသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက တစ်ဆင့် လိမ်လည်မှုတွေကို ထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ဒီဇင်ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
ပြည်တွင်းမှာ KBZPay မိုဘိုင်းငွေကြေးဝန်ဆောင်မှု အသုံးပြုသူတွေဟာ မိမိတို့ ဘဏ်အကောင့်ထဲက ငွေကြေးတွေကို မိမိတို့ကိုယ်တိုင် ပြုလုပ်ခြင်း မဟုတ်ပါဘဲ အခြားသူတွေရဲ့ အကောင့်တွေထဲ လွဲပြောင်းယူသွားခြင်းကို ရင်ဆိုင်နေရတာပါ။
အဆိုပါကိစ္စတွေအတွက် ဘဏ်ဘက်က ရေရာခိုင်မာတဲ့ တာဝန်ယူမှု မရှိသလို သက်ဆိုင်ရာရဲစခန်းတွေထံ သွားရောက်တိုင်ကြားရာမှာလည်း မိမိတို့ သုံးစွဲတဲ့ ဖုန်းကို အပ်နှံထားခဲ့ရမှာက ကြီးမားတဲ့အခက်ခဲဖြစ်လာစေပါတယ်။
အဆိုပါဖြစ်စဉ်တွေအတွက် KBZPay ဘက်ကတော့ ” လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ပါတယ်။
အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ပါတယ်။
ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ပါတယ် ” လို့ သတင်းထုတ်ပြန်ပါတယ်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှု အသုံးပြုသူတွေကတော့ KBZpay ဘက်က ပိုမို တိကျပြတ်သားတဲ့ တာဝန်ယူမှုနဲ့ အရေးယူမှုကို ပြသဖို့ တောင်းဆိုနေပြီး စာထုတ်တာထက် လက်တွေ့လုပ်ဆောင်မှုကိုပဲ အလိုရှိတယ်လို့ တုန့်ပြန်နေကြပါတယ်။
The post နာမည်ကြီးနေတဲ့ မိုဘိုင်းငွေကြေး မလုံခြုံခြင်းကိစ္စ အဆင်ပြေအောင် လုပ်ပေးမည်လို့ KBZpayဆို appeared first on .
Your new digest 49
Post a Comment