ကယ်လီဖိုးနီးယားကျောင်းတစ်ကျောင်းမှာ တောမီးကြောင့် မပျက်စီးသွားတဲ့ တစ်ခုတည်းသောအရာ စိန့်ဖရန်စစ်ရုပ်တု

ကယ်လီဖိုးနီးယားပြည်နယ်က The Pasadena Waldorf School ဟာ ဆိုးရွားတဲ့ Eaton တောမီးဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ မပျက်စီးပဲ ကျန်ရှိနေတဲ့ တစ်ခုတည်းသောအရာရှိခဲ့ပါတယ်။ အဲ့ဒါကတော့ စိန့်ဖရန်စစ်ရုပ်တုပါပဲ။

မီးလောင်စဉ်အတွင်း ရုပ်တုကို ဝန်းရံထားတဲ့ ကျောက်တုံးတွေ အက်ကွဲသွားသည့်တိုင်အောင် ရုပ်တုက မပျက်မစီးဘဲ တည်ရှိနေခဲ့ပါတယ်။

အမြင့် ၃ ပေ လောက်ရှိတဲ့ ဒီကျောက်ရုပ်တုကို Pasadena Waldorf ရဲ့ကျောင်းဆရာ ဂျက်စတင် လိုဆာက ၂၀၁၄ ခုနှစ်မှာ ဒေသတွင်းစတိုးဆိုင်တစ်ခုကနေ ဝယ်ယူခဲ့တာပါ။

ဒီစိန့်ဖရန်စစ်ရုပ်တုက ၁၉၇၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မူကြိုကျောင်းသား/သူတွေကစပြီး အထက်တန်းကျောင်းသား/သူတွေအထိ အသက်အရွယ်အလိုက် ကလေးပေါင်း ၂၅၀ ကို ဝန်ဆောင်မှုပေးတဲ့ ဒီကျောင်းမှာ အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများစွာကြားမှာ မျှော်လင့်ချက်အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေပါတယ်။ တောမီးကြောင့် သူငယ်တန်းနဲ့ ၁ တန်း ကစပြီး ၈ တန်းအထိ ကျောင်းသား/သူတွေရှိရာ ကျောင်းပရိဝုဏ်တွေထဲက တစ်ခုကို ဖျက်စီးခံရတဲ့အပြင် ကျောင်းဝန်ထမ်းတွေနဲ့အတူ ကျောင်းသား/သူမိသားစုတွေလည်း နေအိမ်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ မူကြိုနဲ့ အထက်တန်းကျောင်းတည်ရှိရာ Mendocino St.Campus ကတော့ ဆက်လက်တည်ရှိနေပါတယ်။ လက်တလောမှာ ရုပ်တုကို အထက်တန်းကျောင်းမှာ ထားရှိထားပါတယ်။

Ref: This St. Francis Statue Is the Only Thing at a Calif. School That Wasn’t Destroyed by Wildfires

WL (ရိုးရာလေး)

The post ကယ်လီဖိုးနီးယားကျောင်းတစ်ကျောင်းမှာ တောမီးကြောင့် မပျက်စီးသွားတဲ့ တစ်ခုတည်းသောအရာ စိန့်ဖရန်စစ်ရုပ်တု appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post