လောင်းကစားနဲ့ ကာစီနိုရုံတွေ တရားဝင်ခွင့်ပြုပေးမယ့် ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာစေဖို့ရည်ရွယ်ပြီး လောင်းကစားနဲ့ ကာစီနိုရုံတွေကို တရားဝင်ခွင့်ပြုပေးမယ့် ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ထိုင်းဝန်ကြီးချုပ် ပေထုံထန်က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဘောလုံးပွဲ၊ စလော့ဂိမ်းနဲ့ ထီတွေကို ကျယ်ကျယ်ပြန့်ပြန့် ကစားလေ့ရှိပေမဲ့ ကာစီနိုနဲ့ လောင်းကစားအများစုကိုတော့ တရားမဝင်ဘူးလို့ သတ်မှတ်ထားတာပါ။ အိမ်နီးချင်းနိုင်ငံတွေက ကာစီနိုရုံတွေကနေ အကျိုးအမြတ် ရရှိနေပေမဲ့ ထိုင်းနိုင်ငံမှာ ကာစီနိုရုံတွေကို တရားဝင် ခွင့်ပြုပေးထားခြင်းမရှိလို့ အစိုးရအခွန်ငွေ လျော့နည်းစေပြီး ခရီးသွားလုပ်ငန်းကလည်း ထင်သလောက် ရှေ့မရောက် ဖြစ်စေတယ်လို့ ထိုင်းအစိုးရက ထောက်ပြခဲ့တာပါ။

ချင့်ချိန်ဆုံးဖြတ်မှု ခံယူဖို့ လွှတ်တော်ဆီပို့မယ့် ထိုင်းအစိုးရရဲ့ ဥပဒေကြမ်းအရ ဖျော်ဖြေရေးအဆောက်အအုံကြီးတွေမှာ ကာစီနိုရုံတွေ ထည့်သွင်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို အဓိကမှီခိုအားထားနေရပြီး လာမယ့်နှစ်အနည်းငယ်အတွင်း ခရီးသည်အရေအတွက် စံချိန်တင် ဝင်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

” လောင်းကစားနဲ့ ကာစီနိုရုံတွေကို တရားဝင်ခွင့်ပြုပေးတာဟာ အများပြည်သူကို အကာကွယ်ပေးရာရောက်ပြီး နိုင်ငံ့ဝင်ငွေလည်း တိုးပွားစေပါလိမ့်မယ်”လို့ ပေထုံထန်က ဆိုပါတယ်။

လောင်းကစားနဲ့ ကာစီနိုရုံတွေကိုသာ တရားဝင်ခွင့်ပြုပေးလိုက်ရင် ခရီးသွားဝင်ရောက်မှုက ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ပိုများလာပြီး ခရီးသွားလုပ်ငန်းဝင်ငွေကလည်း ဘတ် ၁၂၀ ဘီလျံကနေ ဘတ် ၂၂၀ ကြား မြင့်တက်လာလိမ့်မယ်၊ အလုပ်အကိုင်သစ် ၉၀၀၀ ကနေ ၁၅၀၀၀ အထိ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အမွန်ဗီဗက်က ဆိုပါတယ်။

Ref: Thailand’s cabinet approves draft law to legalise casinos and gambling
NZ ( ရိုးရာလေး)

The post လောင်းကစားနဲ့ ကာစီနိုရုံတွေ တရားဝင်ခွင့်ပြုပေးမယ့် ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post