တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်ငန်းခွင်အတွင်း စက်ရုံအများဆုံး အသုံးပြုတဲ့နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ လုပ်သား ၁၀၀၀၀ မှာ စက်ရုပ် ၁၀၁၂ ရုပ်အထိ အသုံးပြုလျက်ရှိပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း စက်ရုပ်အသုံးပြုမှုက နှစ်စဉ် ၅ % မြင့်တက်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံပြီးရင် ဒုတိယရပ်တည်နေတာကတော့ တရုတ်နိုင်ငံပါ။ လုပ်သား ၁၀၀၀၀ မှာ စက်ရုပ် ၄၇၀ အထိ အသုံးပြုလျက်ရှိတယ်လို့ နိုင်ငံတကာစက်ရုပ်ဆိုင်ရာအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဂျာမနီနဲ့ ဂျပန်နိုင်ငံတွေကို ကျော်ဖြတ်ပြီး ဒုတိယနေရာကို ရောက်ရှိလာတာပါ။
လွန်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းမှာ စက်ရုပ် အသုံးပြုမှုက နှစ်ဆကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
Ref:Automation Taking Over South Korea
NZ ( ရိုးရာလေး)
The post လုပ်ငန်းခွင်မှာ စက်ရုံအများဆုံးအသုံးပြုတဲ့နိုင်ငံအဖြစ် တောင်ကိုရီးယား ရပ်တည် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment