ဒေါ်လာအတက်၊ ရွှေအကျ ဖြစ်လာတဲ့ နိုင်ငံတကာဈေးကွက်အခြေအနေ

အောက်တိုဘာ ၂၈ (တနင်္လာနေ့) နိုင်ငံတကာဈေးကွက်အဖွင့်မှာ ကမ္ဘာ့ရွှေဈေး ကျဆင်းလာပြီး အမေရိကန်ဒေါ်လာကတော့ တန်ဖိုး တက်လာပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက အမေရိကစီးပွားရေးအခြေအနေပြကိန်းဂဏန်းတွေ ထုတ်ပြန်လာမှာကို စောင့်မျှော်နေချိန်မှာ ရွှေဈေး ကျပြီး ဒေါ်လာ တက်လာတာ ဖြစ်ပတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၇၃၅ ဒေါ်လာဝန်းကျင် ရှိနေပြီး သောကြာနေ့အပိတ်ဈေးနဲ့ ယှဉ်ရင် ဝ.၄ % ကျနေပါတယ်။

အရင်အပတ်က ကမ္ဘာ့ရွှေဈေးဟာ ၂၇၅၈ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန် တင်ခဲ့ပါတယ်။

ဒီနေ့ မြန်မာပြည်တွင်းမှာတော့ ပြင်ပရွှေဈေးက တစ်ကျပ်သားကို ကျပ် ၆၅၅၀၀၀၀ – ၆၆၀၀၀၀၀ ဝန်းကျင်နဲ့ အရောင်းခေါ်ထားတယ်လို့ သိရပြီး ဒေါ်လာဈေးကတော့ ၄၅၇၀ – ၄၇၀၀ ကြား ရှိနေပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်

The post ဒေါ်လာအတက်၊ ရွှေအကျ ဖြစ်လာတဲ့ နိုင်ငံတကာဈေးကွက်အခြေအနေ appeared first on .



Your new digest 49

Post a Comment

Previous Post Next Post