ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး လုပ်ငန်းလိုင်စင်ပြန်လျှောက်ရမယ်လို့
အောက်တိုဘာ ၂၅ ရက်စွဲနဲ့ တရားဝင် အသိပေးချက် ထွက်လာပါပြီ။
စံချိန်မီရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလိုင်စင် နဲ့ ရွှေ၊ ရွှေအကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနဲ့ပတ်သက်တဲ့အနုပညာပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းလိုင်စင်ဆိုပြီး ၂ မျိုးသတ်မှတ်ထားပါတယ်။
ရွှေကို ဓာတ်သတ္တုခေါင်းစဉ်အောက်ကနေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဝင်ရောက်ချုပ်ကိုင်ကြပ်မတ်လိုက်တာ ဖြစ်ပါတယ်။
နေ့စဥ်ရွှေစျေးနှုန်းသတ်မှတ်ပေးဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီးနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတို့က ဦးဆောင်တဲ့ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအဖွဲ့က နေ့စဥ်ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းစျေးအတိုင်း ရွှေဆိုင်တွေက ရောင်းချရမှာဖြစ်ပြီး ရွှေစျေးနှုန်း မတည်ငြိမ်အောင် ရည်ရွယ်လုပ်ဆောင်နေတာကို ကာကွယ်တားဆီးသွားမယ်လို့လည်း ဆိုပါတယ်။
အခုလိုသတ်မှတ်လိုက်တဲ့အတွက် ရွှေရည်ညွှန်းစျေးထက် အဆမတန်ကွာဟပြီးရောင်းမယ်ဆိုရင်တော့ အရေးယူခံရမှာဖြစ်ပြီး ထောင်ဒဏ် ၃ လ ကနေ ၃ နှစ်အထိ ချနိုင်တယ်လို့လည်း ရွှေလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ရွှေအသင်းရဲ့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်း အကယ်ဒမီ မီးလင်း ရွှေဈေးကွက် ပိတ်စျေးနှုန်းဟာ ရွှေတစ်ကျပ်သားကို ၅,၆၂၆,၉၀၀ နဲ့ စျေးပိတ်ခဲ့ပြီး အပြင်မှာ တစ်ကျပ်သားကို သိန်း ၆၀ ကျော်ပေါက်စျေးရှိနေတာလည်း ဖြစ်ပါတယ်။
The post ရွှေစျေးကွက်ကို ဝင်ထိန်းပြီဖြစ်ကာ ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရ.. appeared first on .
Your new digest 49
Post a Comment