ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်လာမှုကြောင့် ရန်ကုန်ရွှေအသင်း YGEA ရဲ့ ရည်ညွှန်းဈေးဟာ ဒီနေ့မှာဆိုရင် တစ်ကျပ်သားကို ကျပ် ၅၆ သိန်းကျော်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ သိပ်မတက်ပေမဲ့ ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်မှုကြောင့်
ပြည်တွင်းရွှေဈေး လိုက်တက်နေပြီး ဒီနေ့ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၇၃၀ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန်တင်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့သတ်မှတ်ရွှေဈေးဟာ သီတင်းကျွတ်မတိုင်ခင်က တစ်ကျပ်သားကို ကျပ် ၅၄ သိန်းကျော် ရှိခဲ့ရာက အခု သီတင်းကျွတ်အပြီးမှာ ကျပ် ၅၆ သိန်းကို ဆက်တိုက် မြင့်လာတာ ဖြစ်ပါတယ်။
YGEA ရဲ့သတ်မှတ်ဈေး မြင့်လာသလို ပြင်ပရွှေဈေးကလည်း အရင်ရက်တွေက တစ်ကျပ်သားကို ကျပ် ၆၂ နဲ့ ၆၃ သိန်းကြားမှာ ငြိမ်နေရာက အခု ၆၄ သိန်းဝန်းကျင်ကို မြင့်လာတယ်လို့ သိရပါတယ်။
ရွှေအသင်းဈေးရော ပြင်ပဈေးပါ လှုပ်ခတ်လာပေမဲ့ ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအဝယ်တွေ အေးနေပြီး အရောင်းက ပိုများနေတယ်လို့ ရွှေဆိုင်တွေက ပြောပါတယ်။
” အဝယ်ကတော့ ရှိတယ်။ ဒါပေမဲ့နည်းတယ်။ အရောင်းကပိုများတယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်း ရွှေအရောင်းအဝယ် ကောင်းမယ်လို့ မှန်းထားတယ်။ အခုတော့ နည်းနည်းလေးအေးနေတယ်” လို့ ရွှေသမား တစ်ဦးက ပေါ်ပြူလာသတင်းမှာ ပြောဆိုထားပါတယ်။
ရန်ကုန်ရွှေအသင်းအနေနဲ့ နေ့စဉ် ရည်ညွှန်းဈေးကို ကမ္ဘာ့ရွှေဈေးနဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ် ဒေါ်လာဈေးနဲ့ တွက်ချက်ပြီး ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
The post ရန်ကုန်ရွှေအသင်းရဲ့ ရည်ညွှန်းဈေး အပြင်ဈေးနဲ့ တန်းညှိနေပြီလား? appeared first on .
Your new digest 49
Post a Comment