ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်သစ်ကို ရောက်လာ

အမေရိကန်ဗဟိုဘဏ်အနေနဲ့ လာမယ့်အပတ် အစည်းအဝေးမှာ ဘဏ်တိုးနှုန်းတွေ ကျိန်းသေပေါက် လျှော့မယ် လို့ ယုံကြည်လက်ခံလာတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ

ဒေါ်လာတန်ဖိုး ပျော့ပြီး ကမ္ဘာ့ရွှေဈေး အမြင့်ဆုံး စံချိန်သစ်ကို ရောက်လာပါတယ်။

မနေ့ညပိုင်းက ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၅၆၈ ဒေါ်လာနီးပါးအထိ အမြင့်ဆုံးစံချိန်သစ် တင်ခဲ့တဲ့နောက် ဒီနေ့ မနက် အာရှဒေသတွင်း ရောင်းဝယ်ရာမှာ ၂၅၆၅ ဒေါ်လာဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

အရင်လက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၅၃၁ ဒေါ်လာနဲ့ အမြင့်ဆုံး ရောက်ခဲ့ပြီး မနေ့က နောက်ထပ် စံချိန်သစ်ကို ထပ်တင်လိုက်တာ ဖြစ်ပါတယ်။

ဒီအပတ်ထဲမှာလည်း ကမ္ဘာ့ရွှေဈေးက ၂.၇ % မြင့်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စီးပွားနှေးကွေးမှု လက္ခဏာတွေ ပြသလာတဲ့နောက် ဗဟိုဘဏ်က အတိုးနှုန်းတွေ ပြန်လျှော့ဖို့ ပြင်ဆင်လာပြီး ဒီအချက်က ဒေါ်လာကို တန်ဖိုး ကျစေပေမဲ့ ရွှေဈေးကိုတော့ မြင့်တက်စေပါတယ်။

ကမ္ဘာ့ရွှေဈေး စံချိန်သစ်ကို ထပ်ရောက်လာပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ အရင်လိုက် သိပ်မတက်ဘဲ မနေ့ကနဲ့ ယှဉ်ရင် ကျပ်တစ်သိန်းလောက်သာ မြင့်လာတာ တွေ့ရပါတယ်။

ဒီနေ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ ကျပ် ၆၈ သိန်းနဲ့ ၆၉ သိန်းကြားမှာပဲ ရှိနေပြီး မနေ့ကဈေး ကျပ် ၆၇ – ၆၈ သိန်းထက် မြင့်လာပေမဲ့ အရင်လို ကျပ် သိန်း ၇၀ – ၈၀ တွေဆီ ပြန်ရောက်တော့ဘဲ ငြိမ်နေပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်

The post ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်သစ်ကို ရောက်လာ appeared first on .



Your new digest 49

Post a Comment

Previous Post Next Post